ရုပ်သံဇာတ်လမ်းတွဲလေးတွေကနေ အောင်မြင်ကျော်ကြား လာပြီး လူကြိုက်များသော မင်းသားချောလေး (၃)ယာက်

ရုပ်သံ ဇာတ်လမ်း တွဲတွေ ခေတ်စားလာတာ နဲ့ အမျှ မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ်တွေ အားပေး ကြည့်ရှုလာတာပဲ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီး တွေကို ဇာတ်လမ်းထဲက ဇာတ်ကောင် နာမည်နဲ့ တွဲပြီး အားပေးလာကြတာပဲ ဖြစ်ပြီး ပရိသတ်အချစ်တော် မင်းသား (၃)ယာက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။

သူတို့ ( ၃ )ယာက်ကတော့ ဒေါင်း ၊ အောင်ရေချမ်း ၊ အောင်မင်းခန့် တို့ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အားပေးတဲ့ဇာတ်လမ်းတွဲ မင်းသားတွေရှိရင်လည်း မှတ်ချက်ပေးခဲ့ပါဦးနော်။

(၁)ဒေါင်း

 

 

ဒေါင်း ကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေ ရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါင်းကို ဆိုမကြွေတဲ့ မိန်းကလေးတွေမရှိ သလောက်ပါပဲနော်။ ဒေါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေး ပရိသတ်တွေ အများကြီး ရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသ တဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

အခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှု အပြည့်အဝရထား သူပဲ ဖြစ်ပါတယ်။

(၂) အောင်ရေချမ်း

 

 

အောင်ရေချမ်းက တော့ ” ထာဝရမန္တလေး” ဇာတ်ကား မှာ ပရိသတ်တွေစသိလာပြီး “ပျားရည်အိုင်” ဇာတ်ကား ထဲမှာတော့ ကိုတင်ဖေဇာတ်ကောင် အဖြစ် ပရိသတ်တွေ ရဲ့ ရင်ထဲကိုရောက်ရှိခဲ့သူပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ချက်မှာ အပိုအလို မရှိတဲ့အပြင် ဇာတ်ကောင် ကာရိုက်တာအပေါ်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် စွမ်းရည် တွေ ကြောင့် ပရိသတ်တွေ သတိထားမိလာပြီး အားပေးဝန်းရံခ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ပျားရည်အိုင်ဇာတ်လမ်းတွဲ အပြီးမှာ“ကျမက မဟေသီ” ဇာတ်လမ်းတွဲ မှာလည်း ” မင်းမျိုးနွယ် ” ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ကောင်း ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။

တစ်ဟုန်ထိုးအောင်မြင်မှုရလာတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော်။

(၃)အောင်မင်းခန့်

 

 

အောင်မင်းခန့်ကတော့ ပရိသတ် အချစ်တော် မင်းသားချောလေး တစ်လက်ပဲ ဖြစ်ပြီး ထာဝရမန္တလေးဇာတ်ကားမှာ ပရိသတ်စတင် သတိထားမိလာပြီး သူပါဝင်ထားတဲ့ဇာတ်လမ်းတွဲ တွေကတော့ ” မနေ့ကဖြစ်သည် ၂” ၊၀ိဥာဉ်ရှိုက်သံ ၊ ရတနာထဲ ကရတနာ၊ဝင်္ကပါစံအိမ်​၊ “ပဉ္စလက်ရွာ “စတဲ့ ဇာတ်လမ်းတွဲ တွေ အများကြီးမှာ ပါဝင်ထားပြီး “ပဉ္စလက်ရွာ “ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ရိုးစစ်ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မျက်လုံးမှာ အလွမ်းနှုတ်ခမ်းမှာ မာန ဇာတ်ကားမှာတော့ အောင်မှန်းဆို တဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ထားတာဖြစ်ပြီး ယောကျာ်းပီသတဲ့ဘော်ဒီ ဆွဲဆောင်မှု ရှိတဲ့အပြုံး တွေကြောင့် မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်လက်ပဲ ဖြစ်ပါတယ်။

crd : myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.