ရုပ်ရှင် ဇာတ်ကားတစ်ကားကို ကြည့်နေရသလို ပရိသတ်တွေကို ဆွဲဆောင်နိုင်လွန်းတဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” သီချင်း MV
Posted on
unicode
အဆိုတော် Ah Boy ကတော့ ဂီတလောကနဲ့ အဆက်အသွယ်ပြတ်တောက် သွားတာကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့လကတော့ သူ့ရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီ ချပြခဲ့တာပဲ ဖြစ်ပါတယ်။ Ah Boy က ချမ်းမြေ့မောင်ချိုနဲ့အတူတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ထုတ်လုပ်ခဲ့ပြီး ထို “အငွေ့အသက်များ” များသီချင်းက ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့ခဲ့ကြတာကို တွေ့ရပါတယ်။ အားပေးကြမ်းကြတဲ့ ပရိသတ်တွေကြောင့် “အငွေ့အသက်များ”သီချင်းလေးက Top Ten စာရင်းထဲမှာ ဒီနေ့ဒီအချိန်ထိရှိနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ (၁) ရက်နေ့မှာတော့ “အငွေ့အသက်များ”သီချင်းလေးရဲ့ MV လေးက ထွက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ သီချင်း MV လေးက Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ ထင်မထားလောက်အောင် သရုပ်ဆောင်ချက်တွေကြောင့် တော်တော်လေးကောင်းပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်နေရသလား ထင်မှတ်ရအောင် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” သီချင်း MVလေးကို မျှဝေပေးလိုက်ပါတယ်နော်။
Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” MVလေးကတော့ သီချင်းလေးနဲ့ လိုက်ဖက်အောင် အရမ်းကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း “အငွေ့အသက်များ” သီချင်း MVလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like ,Share လုပ်ဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီ းအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Our Travel Diaries’s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.