ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီလို့ ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ လွှမ်းပိုင်နဲ့အတူတူ MV လေးတစ်ပုဒ် ပုံဖော်နေတဲ့ ခင်ဝင့်ဝါ

Posted on

ပရိသတ်တွေက ခေးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ခင်ဝင့်ဝါက Miss Supranational Myanmar 2013 ဆုရှင်လေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ရလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခင်ဝင့်ဝါက ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်း MV တွေမှာ သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အရေးပါတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကတော့ ဒီနေ့ဒီအချိန်ထိ အားပေးသူပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့နေရာတစ်နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ခင်ဝင့်ဝါက ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ဖူးတဲ့ လွှမ်းပိုင်နဲ့အတူတူ MV လေးတစ်ပုဒ်ကို ရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် လွှမ်းပိုင်နဲ့ ခင်ဝင့်ဝါရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရ ဗီဒီယိုလေးကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

လွှမ်းပိုင်နဲ့ ခင်ဝင့်ဝါကတော့ “ဂျာကင်ဟောင်းလေး”၊ “ကိုယ်စောင့်နတ်” စတဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ အတူသရုပ်ဆောင်ဖူးသလို “အာဒံမဟုတ်တဲ့နင်” စတဲ့ MV မှာလည်း အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ ခင်ဝင့်ဝါရဲ့ အသစ်ရိုက်ကူးနေတဲ့ “ရည်းစားဟောင်း” သီချင်းလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Hlwan Paing & Khin Wint Wah’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.