ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက်မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တဲ့ ထိုင်းအလှမယ် ဆွန်ဆွန်

Posted on

ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလဲ နာမည်ကြီးတဲ့ ထိုင်းအလှမယ် Mae Ya Sun Sun ဟာ ဇူလိုင်လ (၃၀)ရက်နေ့ကမြန်မာနိုင်ငံကို တတိယအကြိမ်ရောက်ရှိလာခဲ့ပါပြီ။ သူမက မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ရောက်ရှိ လာတာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဒီတစ်ခါ ရုပ်ရှင်ကားကြီး ကိုနိုင်ငံကျော်မင်းသားနဲ့ ရိုက်ကူးရမှာဆိုတော့ သူမအနေနဲ့ အရမ်းကို စိတ်လှုပ်ရှား နေတယ်လို့လဲ သိရပါတယ်။

ထိုင်းအလှမယ် Sun Sun ဟာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို အဆိုတော် ဟန်ထူးဈာန် ရဲ့ သီချင်း Mv မှာ သရုပ်ဆောင်ဖို့အတွက် ဟန်ထူးဈာန် ရဲ့ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမက ဒုတိယအကြိမ်အဖြစ် ကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုအတွက် ရောက်ရှိလာခဲ့သေးပါတယ်။ သို့ပေမယ့် ၂၀၁၉ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့မှာတော့ တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံကို ထပ်မံရောက်ရှိလာခဲ့ကာ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ ဖိတ်ကြားခြင်း ခံထားရတယ်လို့လဲ သိရပါတယ်။

ထိုင်းအလှမယ် Mae Ya Sun Sun ဟာ နိုင်ငံကျော်သရုပ်ဆောင် မြင့်မြတ်နဲ့ ကလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ရောက်ရှိလာခဲ့တာလဲ ဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်ပြီး Miss ပြိုင်ပွဲတွေမှာလဲ အလှမယ်ဆုတွေများစွာ ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ သူမကို မြန်မာနိုင်ငံက ပရိသတ်တွေကတော့ သူမအပျော်တမ်း ရိုက်ကူးတဲ့ ဟာသ video လေးတွေကို ၀င်ရောက်ကြည့်ရှု့ရင်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

အလှမယ် ဆွန်ဆွန် မြန်မာနိုင်ငံရောက်ရှိလာတာကို အဆိုတော် ဟန်ထူးဈာန်က သွားရောက်ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆွန်ဆွန်ရဲ့ ချစ်ပရိသတ်တွေအတွက် သူမရောက်ရှိလာတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Han Htoo Zan
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.