ရုတ်တရက် ကွယ်လွန်သွားတဲ့ မိတ်ဆွေကောင်းတစ်ယောက်အတွက် ၀မ်းနည်းစကားဆိုလိုက်တဲ့ ကိုပေါက်

Posted on

သရုပ်ဆောင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုပေါက်ကတော့ သူချစ်ရတဲ့ အနုပညာကို အကောင်းဆုံးကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုပေါက်က ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ မိတ်ဆွေ ကိုအောင်ဇော်အတွက် ဝမ်းနည်းပူဆွေးနေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကိုပေါက်ရဲ့စာလေးကိုဖတ်ပြီး မိတ်ဆွေကောင်း ပီသတဲ့ ကိုအောင်ဇော်အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် စိတ်ထားကောင်းလွန်းတဲ့ မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုပေါက်ကတော့ “ကို​အောင်​​ဇော်​ ခင်​ဗျားနဲ့ကျွန်​​တော်​ ဇာတ်​ကား​တွေအတူတူ ရိုက်​ခဲ့ဖူးတယ်​။ ခင်​ဗျားနဲ့ကျွန်​​တော်​ တာ​မွေမှာ တစ်​လမ်းထဲ အတူတူ​နေခဲ့ဖူးတယ်​။ ခင်​ဗျားနဲ့ကျွန်​​တော်​ အရက်​အတူတူ​သောက်​ခဲ့ဖူးတယ်​။ ခင်​ဗျားနဲ့ကျွန်​​တော်​ ခရီး​တွေအတူတူသွားခဲ့ဖူးတယ်​။ ကျွန်​​တော်​တို့လင်​မယား ရန်​ဖြစ်​ရင်​ အိမ်​​ပေါ်တက်​လာပြီး ​ပြေရာ​ပြေ​ကြောင်း ​ပြော​ပေးခဲ့ဖူးတယ်​။

ခင်​ဗျားနဲ့ကျွန်​​တော်​ အစည်းအရုံး​ဘောလုံးအသင်းကို အတူတူဦး​ဆောင်​ခဲ့ဖူးတယ်​။ ခင်​ဗျားနဲ့ကျွန်​​တော်​ အစည်းအရုံး​ဘောလုံးအသင်းမှာ သ​ဘောထား​တွေကွဲလွဲခဲ့ဖူးတယ်​။ ခင်​ဗျားနဲ့ကျွန်​​တော်​ ​တွေ့ရင်​ စကားမ​ပြောဖြစ်​​အောင်​ထိ စိမ်းသွားခဲ့ဖူးတယ်​။ ဘာ​တွေဘယ်​လိုပဲ ဖြစ်​ခဲ့ ဖြစ်​ခဲ့ပါ။ခင်​ဗျားရဲ့ သတင်းကြားလိုက်​ရ​တော့ ရင်​ထဲတစ်​မျိုးကြီးခံစားလိုက်​ရတယ်​။
ခင်​ဗျားက ကျွန်​​တော့ထက်​ ၃ နှစ်​ပဲ ကြီးတာ​လေ။တကယ်​ဆို ခင်​ဗျားငယ်​​သေးတယ်​ဗျာ။ သွားနှင့်​လိုက်​ပါ ကို​အောင်​​ဇော်​​ရေ။ကောင်းရာ ဘုံဘဝမှာ ခင်​ဗျား ရှိ​နေပါ​စေလို့ ဆု​တောင်းပါတယ်​။” ဆိုပြီး သူ့ရဲ့ရင်တွင်း ခံစားချက်တစ်ချို့ကို ရင်ဖွင့်ထားတာပါ။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကိုအောင်ဇော်ကတော့ ဇူလိုင်လ ၂၁ရက်နေ့ မနေ့ညက နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တာကြောင့် မိသားစုဝင်တွေရော မိတ်ဆွေတွေပါ ဝမ်းနည်းပူဆွေးနေကြတာပါ။ ချစ်ပရိသတ်တွေလည်း စိတ်ထားကောင်းလွန်းတဲ့ ကိုအောင်ဇော်တစ်ယောက် ကောင်းတဲ့ ဘုံဘ၀ကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Source;Aung Min Naing’s Facebook
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.