မြန်မာနိုင်ငံရဲ့ Transgenders အမျိုးသမီးအနုပညာရှင်တွေထဲမှာ အောင်မြင်နေတဲ့ စစ်ပိုးအိမ်ဟာဆိုရင်တော့ Face Of Beauty Queen 2018 ရဲ့ 1st runner up ဆုရှင် တစ်ယောက်လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် Miss Trans Grand International Myanmar 2018 ရဲ့ ရန်ကုန် အရှေ့ပိုင်း ကိုယ်စားပြု အလှမယ်တစ်ယောက် လည်း ဖြစ်ပါတယ်။ အပြင်အဆင်၊ ဝတ်စားဆင်ယင်မှုတွေဟာ ဆန်းသစ်သပ်ရပ်လှတဲ့အတွက်ကြောင့် မိန်းကလေးအစစ်တွေထက်ကို ဆွဲဆောင်မှုရှိရှိ ချောမောသူလေးပေါ့။
ပုရိသတွေရဲ့ အသည်းကိုစွဲကိုင်လှုပ်ယူနိုင်သလို ယောကျာ်းလေးပရိသတ်အများအပြားရဲ့ ဝန်းရံအားပေးမှုကိုလည်း စစ်ပိုးလေးဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပြီး သူမရဲ့လှပတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်တယ်။ လတ်တလော အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ MTV တွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး၊ ပွဲလမ်းသဘင်တွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို အမြဲလိုလို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီနေ့ မှာတော့ စစ်ပိုးလေးတစ်ယောက် ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်လို့သိရပါတယ်။။ စစ်ပိုး ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “သွားပါပြီ…..” လို့ရေးသားထားသလို နီးစပ်သူ အဆိုတော် မဟာ ကတော့ Dr. Face ရဲ့ပွဲကို တက်ရောက်ဖို့ ပြင်ဆင်နေချိန်မှာ ရုတ်တရက် မေ့လဲသွားခဲ့တာကြောင့် ဆေးရုံအရေးပေါ်တင်လိုက်ရတာဖြစ်တယ် လို့ပြောပြထားတာပါ ။ ပရိသတ်ကြီးလည်း စစ်ပိုးလေးအမြန် နေကောင်းလာစေဖို့ ဆုတောင်းပေးကြပါဦး ။
Source – Mahar Mahar / Sitt Poe Eain
Noe Noe May Ju Ju