ရိုးသားတဲ့ ကချင်တိုင်းရင်းသားပြိုင်ပွဲဝင် Labang Seng Jat Awng ရဲ့ အံ့သြစရာ နောက်ကြောင်း

Posted on

တစစ နဲ့ ပရိသတ်စိတ်ဝင်စားမှုရရှိလာခဲ့တဲ့ TV show တစ်ခုကတော့  Master Chef Myanmar Season (2) ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဒိုင်တွေရဲ့ အပြင်းစားမှတ်ချက်တွေကြောင့် လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေ တစစနဲ့ မြင့်တက်နေတာလည်းဖြစ်ပါတယ် ။

 

 

 

 

ပြိုင်ပွဲဝင်နေသူတွေ တဆင့်ပြီးတဆင့်နှုတ်ဆက်ရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် အခုညမှာတော့ ကချင်တိုင်းရင်းသားပြိုင်ပွဲဝင်လေး
Labang Seng Jat Awng တစ်ယောက် Masterchef ကနေ နှုတ်ဆက်လိုက်ရပါပြီ။ ရိုးသားကြိုးစားတဲ့ ကချင်တိုင်းရင်းသားလေး ရဲ့ အံ့သြစရာနောက်ကြောင်းတစ်ခုထွက်ပေါ်လာပါတယ်။

 


Labang Seng Jat Awng ဟာနိုင်ငံကျော် MMA ဖိုက်တာတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်း နဲ့ ဆွေမျိုးတော်စပ်တယ်လို့သိရှိရပါတယ်။ Labang Seng Jat Awng ဟာ အောင်လအန်ဆန်းနဲ့ ဆွေမျိုးနီးစပ်တော်ခဲ့တာကို အခွင့်အရေးယူပြီး ဒီပွဲမှာအမြတ်မထုတ်ပဲ သူ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ ပရိသတ်ကြီးလည်း အောင်လအန်ဆန်းရဲ့ ညီ လဘန်ဆန်းဂျက်အောင် အတွက် မှတ်ချက်ကနေ အားပေးစကားလေး ပြောပေးခဲ့ကြပါဦး ။

 

Source – Labang Seng Jat Awng/ Shio Thaw Zin

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.