ရိုမန့်တစ်ဆန်လွန်းတဲ့ Descendants Of The Sun ပန်းခြံနှစ်ပတ်လည်စုံတွဲပွဲတော်ကို ဖျက်သိမ်းခဲ့ရ

ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ DOTS ပန်းခြံရဲ့နှစ်ပတ်လည်စုံတွဲပွဲတော်ကတော့ ဖျက်သိမ်းခဲ့ရပါပြီ။ှSong Joong Ki နဲ့ Song Hye Kyo တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Descendants Of The Sun ဇာတ်ကားဟာ ကိုရီးယားမှာသာမက ကမ္ဘာအနှံ့မှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် DOTS ပရိသတ်တွေအတွက် အမှတ်တရပန်းခြံတစ်ခု ဖန်တီးပေးခဲ့ရပါတယ်။

 

 

အဲဒီပန်းခြံဟာ ရုပ်ရှင်ရိုက်ကူးစဉ်က နေရာဒေသတွေအတိုင်း အတိအကျတူညီစွာ ဆောက်လုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲက စိတ်ဝင်စားစရာအကောင်းဆုံးနေရာတွေကို အခြေခံဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။

 

 

အထူးသဖြင့် အဲဒီပန်းခြံမှာ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ နမ်းနေတဲ့ရုပ်ထုကိုလည်း ဖန်တီးထားခဲ့တာပါ။ ဒါကြောင့် နိုင်ငံခြားနဲ့ ပြည်တွင်းစုံတွဲတွေဟာ အဲဒီပန်းခြံကိုလာရောက်ပြီး DOTS ထဲက စစ်သားနဲ့ ဆရာဝန်မလေးအတိုင်း ရိုမန့်တစ်ဆန်ဆန် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

 

 

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ကွာရှင်းသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အဲဒီအစဉ်တွေအားလုံးကို ဖျက်သိမ်းခဲ့ရတာပါ။ DOTS ပန်းခြံရဲ့နှစ်ပတ်လည်စုံတွဲပွဲတော်တွေကို ဇူလိုင်လအတွင်း အမြဲတမ်းကျင်းပခဲ့ပေမယ့် အခုနှစ်မှာတော့ ပထမဆုံးအကြိမ် ဖျက်သိမ်းခဲ့ရတာပါ။

 

 

“ကျွန်တော်တို့အနေနဲ့ နှစ်ပတ်လည်ပွဲကို ဖျက်သိမ်းလိုက်ပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ”လို့တာဝန်ရှိသူတစ်ဦးကပြောကြားသွားခဲ့ပါတယ်။ အဲဒီပန်းခြံကို ၂၀၁၆ခုနှစ်၊ သြဂုတ်စ်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၀မ်သန်း ၂၇၀ အထိရင်းနှီးမြှုပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.