ရိုက်ကူးရက် ရွေ့လိုက်ပြီဖြစ်တဲ့ ကိုကျီးညို နဲ့ ခင်နှောင်းတို့ရဲ့”ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး

Posted on

ကျေးလက်တောရွာက လူနေမှုဘဝပုံစံတွေကို ပိုင်နိုင်စွာ ရေးသားနိုင်တဲ့ နိုင်ငံကျော် စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ “ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ဝတ္ထုကို မဖတ်ဖူးသူ မရှိလောက်ဘူး ထင်ပါတယ်။ “ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ဝတ္ထုက မြင်းခြံနယ်က နတ်ပွဲတွေရဲ့ အကြောင်းနဲ့ နတ်ပွဲကိုသွားကြတဲ့ ကိုကျီးညိုနဲ့ မခင်နှောင်းတို့ရဲ့ အချစ်အကြောင်းကို ပုံဖော်ထားတဲ့ ချစ်စရာတော့ဓလေ့တွေ ရောယှက်နေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

“ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လွန်ခဲ့တဲ့ရက်ပိုင်းက ရေစကြိုမြို့နယ် ဖြုံဘူးရွာလေးမှာ ဒေါင်း၊ ထူးအောင်၊ ဝတ်မှုံရွှေရည်၊ ခင်မို့မို့အေး တို့နဲ့ စတင်ရိုက်ကူးနေခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။

“ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ကန်တော့ပွဲပေးပြီး ရိုက်ကူးနေပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ရိုက်ကွင်းသက်မှတ်ထားတဲ့နေရာတွေမှာ ရေတွေလွှမ်းမိုးခဲ့တာကြောင့် ရိုက်ကူးရေးကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။”ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် (၂၀၂၀) ခုနှစ် ဇန်နဝါရ်ီလမှပဲ ပြန်လည်ရိုက်ကူးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထို့လို့ကြိုမယ်” ဝတ္ထုကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ကိုကျီးညိုအဖြစ် ဒေါင်း၊ ခင်နှောင်းအဖြစ် ဝတ်မှုံရွှေရည်၊ ဖူးငုံအဖြစ် အေးဝတ်ရည်သောင်း၊ အမောင်လေးအဖြစ် ထူးအောင်တို့က သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်၊

ပရိသတ်တွေ အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းကို နောက်နှစ်အထိ ပြောင်းရွှေ့သွားတာ စိတ်မကောင်းစရာပါပဲနော်။ ဒါပေမယ့်လည်း သဘာဝရာသီဥတုကို ဘယ်သူမှ မတားဆီးနိုင်တာကြောင့် အခုလို ပြောင်းရွှေ့သတ်မှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Rowena
Source: U Phoe Sein’s fb
ခရက်ဒစ် to momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.