ရာသီခြင္အလိုက္ အဆင္မေျပမႈေတြ မ်ားေလ့ရွိတဲ့ စုံတြဲမ်ား

ရာသီခြင္အလိုက္ အဆင္မေျပမႈေတြ မ်ားေလ့ရွိတဲ့ စုံတြဲမ်ား
နကၡတ္ေဗဒပညာရွင္ေတြရဲ႕ အဆိုအရ အခ်ိဳ႕စုံတြဲေတြဟာ relationship တစ္ခုကိုတည္ေဆာက္ဖို႔အတြက္ အရမ္းကိုခက္ခဲၿပီး အၿမဲတမ္းကေတာက္ကဆ ျဖစ္ေလ့ရွိပါတယ္။

ၿဗိစာၦရာသီဖြားနဲ႔ ကရကဋ္ရာသီဖြား

 

 

ဒီရာသီခြင္မွာ ေမြးတဲ့စုံတြဲဟာ ႏွစ္ဦးစလုံးက သီးသန္႔ေနတတ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္စိမ္းစိမ္းျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္အျခားစုံတြဲေတြလို အရမ္း႐ိုမန္တစ္ဆန္တာေတြ၊ ပြတ္သီးပြတ္သပ္ေနတာေတြ သိပ္ရွိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္ထဲမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုးခ်စ္ခ်င္ ခ်စ္ေနႏိုင္ပါတယ္။ ခ်စ္သူဆီက မရတဲ့ၾကင္နာမႈေတြကို အျခားသူစိမ္းတစ္ေယာက္က ေပးလာတဲ့အခါ စိတ္ေျပာင္းလဲၿပီး ပါသြားတတ္တာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ ပိုမိုဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

ကံရာသီနဲ႔ ေမထုန္ရာသီဖြား

 

 

ယခုရာသီခြင္မွာ ေမြးတဲ့စုံတြဲေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဆန္႔က်င္ဖက္လကၡဏာေတြနဲ႔ ကြဲျပားျခားနားပါတယ္။ ေမထုန္ရာသီဖြားေတြဟာ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈ၊ လက္ေဆာင္။ အံ့ဖြယ္ရာေတြနဲ႔ သူတို႔ရဲ႕အခ်စ္ကို ေဖာ္ျပေလ့ရွိၾကၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ စ႐ိုက္ရွိတာေၾကာင့္ အျခားအပါင္းအသင္းေတြ မိန္းကေလးေတြနဲ႔ လူမႈဆက္ဆံေရးေကာင္းေအာင္ ေန႔ေလ့ရွိပါတယ္။ ကံရာသီဖြားေတြကေတာ့ အရမ္းကိုေအးေဆးတည္ၿငိမ္ၿပီး သဝန္တိုတတ္ၾကတာေၾကာင့္ မၾကာခဏ အထင္အျမင္လြဲမႈေတြ သဝန္တိုေတြနဲ႔ ျပႆနာေတြ ျဖစ္တတ္ပါတယ္။ ကံရာသီဖြားေတြဟာ သူတို႔ရဲ႕အားနည္းခ်က္ကို ေၾကာက္႐ြံ႕တတ္တဲ့စ႐ိုက္ရွိတာေၾကာင့္ ေမထုန္ရာသီဖြားခ်စ္သူက သစၥာရွိမႈ၊ ႐ိုးသားမႈကို အၿမဲတမ္းျပသဖို႔ႀကိဳးစားေနမွသာ ေပ်ာ္႐ြင္စရာေကာင္းတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

ဓႏုရာသီဖြားနဲ႔ တူရာသီဖြား

 

 

ဓႏုရာသီဖြားေတြဟာ အနာဂတ္ကိုဂ႐ုစိုက္ေလ့ မရွိပဲ ပစၥဳပၸန္ဘဝမွာပဲ ေနထိုင္ေလ့ရွိပါတယ္။ တူရာသီဖြားေတြကေတာ့ အရာရာတိုင္းကို ပလန္ခ်တတ္သူေတြ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိစၥေၾကာင့္ပဲ သူတို႔စုံတြဲဟာ ရန္ျဖစ္မႈေတြ ပဋိပကၡေတြနဲ႔ အၿမဲစခန္းသြားေနရတတ္ပါတယ္။ တူရာသီဖြားေတြက ဘဝကိုတည္တည္ၿငိမ္ၿငိမ္နဲ႔ အဆင္ေျပေျပေနႏိုင္ဖို႔ အၿမဲတမ္းေတြးပူေနၿပီး ဓႏုရာသီဖြားခ်စ္သူက သူလိုခ်င္တာေတြ မျဖည့္ဆည္းေပးႏိုင္တဲ့အခါ တသက္လုံးရန္ျဖစ္ေနရတတ္တဲ့အတြက္ ဂ႐ုစိုက္ဖို႔လိုပါတယ္။

မိန္ရာသီဖြားနဲ႔ ကုံရာသီဖြား

 

 

မိန္ရာသီဖြားေတြရဲ႕စ႐ိုက္ဟာ အရမ္းကိုစိတ္ခံစားလြယ္ၾကၿပီး သံသယႀကီးေလ့ရွိပါတယ္။ ကုံရာသီဖြားေတြကေတာ့ လြတ္လပ္စြာေနတတ္ၿပီး အနည္းငယ္တစ္ကိုယ္ေကာင္းဆန္တဲ့ စ႐ိုက္ရွိပါတယ္။ ဒါ့ေၾကာင့္ မိန္ရာသီဖြားေတြဟာ ၾကင္နာမႈ၊ အာ႐ုံစိုက္ခံရမႈ၊ ကတိကဝတ္ေတြကို အၿမဲတမ္းလိုလားေတာင့္တလ်က္ရွိၿပီး ကုံရာသီဖြားေတြက သူတို႔ရဲ႕လြတ္လပ္မႈနဲ႔ ကိုယ္ပိုင္နယ္ပယ္ကိုကာကြယ္တတ္တာေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ သိပ္ၿပီးနားလည္ေပးႏိုင္မွာ မဟုတ္တဲ့အတြက္ ကေတာက္ကဆေတြ ျဖစ္တတ္ပါတယ္။

မကရရာသီဖြားနဲ႔ ေမထုန္ရာသီဖြား

 

 

ဓႏုရာသီဖြားနဲ႔ တူရာသီဖြားတို႔လိုပဲ ေမထုန္ရာသီဖြားဟာ ပစၥဳပၸန္မွာပဲေနထိုင္ၿပီး မကရရာသီဖြားက အနာဂတ္အတြက္ အစီအစဥ္ေတြ ခ်တတ္တာေၾကာင့္ အၿမဲတမ္းျပႆနာေတြတက္ၾကရၿပီး လမ္းခြဲရတဲ့အေျခအေနထိေရာက္တတ္ပါတယ္။

ကံရာသီဖြားနဲ႔ မိန္ရာသီဖြား

မိန္ရာသီဖြားေတြဟာ စိတ္ကူးယဥ္သမားေတြ ျဖစ္ၾကၿပီး အနာဂတ္အေၾကာင္းအၿမဲတမ္းေတြးေနတတ္ပါတယ္။ ဒါ့ေၾကာင့္ ပစၥဳပၸန္ဘဝရဲ႕ အေျခအေနေတြနဲ႔ ႏႈိင္းယွဥ္ၿပီး အနာဂတ္အတြက္ အစီအစဥ္ေတြ ခ်ေလ့ရွိၾကပါတယ္။ သူ႔ရဲ႕ခ်စ္သူကိုလည္း အလုပ္အရမ္းႀကိဳးစားခ်င္တဲ့ စိတ္ရွိဖို႔ တြန္းအားေတြေပးတတ္ၾကပါတယ္။ ကံရာသီဖြားေတြကေတာ့ ဆင္ျခင္တုံတရားကို ဦးစားေပးၿပီး လက္ရွိအခ်ိန္ကိုပဲ အာ႐ုံစိုက္တတ္သူေတြပါ။ အနာဂတ္အေၾကာင္းေတြးၿပီး သူ႔ရဲ႕အခ်ိန္ေတြကို ကုန္ဆုံးမွာမဟုတ္ပါဘူး။ ယခုရာသီဖြားစုံတြဲဟာ ေကာင္းမြန္တဲ့ relationship တစ္ခုကိုအတူတူတည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။

Credit;Lifestylemyanmar

 

Unicode

 

ရာသီခွင်အလိုက် အဆင်မပြေမှုတွေ များလေ့ရှိတဲ့ စုံတွဲများ
နက္ခတ်ဗေဒပညာရှင်တွေရဲ့ အဆိုအရ အချို့စုံတွဲတွေဟာ relationship တစ်ခုကိုတည်ဆောက်ဖို့အတွက် အရမ်းကိုခက်ခဲပြီး အမြဲတမ်းကတောက်ကဆ ဖြစ်လေ့ရှိပါတယ်။

ဗြိစ္ဆာရာသီဖွားနဲ့ ကရကဋ်ရာသီဖွား

ဒီရာသီခွင်မှာ မွေးတဲ့စုံတွဲဟာ နှစ်ဦးစလုံးက သီးသန့်နေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့်အခြားစုံတွဲတွေလို အရမ်းရိုမန်တစ်ဆန်တာတွေ၊ ပွတ်သီးပွတ်သပ်နေတာတွေ သိပ်ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် မြတ်မြတ်နိုးနိုးချစ်ချင် ချစ်နေနိုင်ပါတယ်။ ချစ်သူဆီက မရတဲ့ကြင်နာမှုတွေကို အခြားသူစိမ်းတစ်ယောက်က ပေးလာတဲ့အခါ စိတ်ပြောင်းလဲပြီး ပါသွားတတ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကံရာသီနဲ့ မေထုန်ရာသီဖွား

ယခုရာသီခွင်မှာ မွေးတဲ့စုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်ဖက်လက္ခဏာတွေနဲ့ ကွဲပြားခြားနားပါတယ်။ မေထုန်ရာသီဖွားတွေဟာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု၊ လက်ဆောင်။ အံ့ဖွယ်ရာတွေနဲ့ သူတို့ရဲ့အချစ်ကို ဖော်ပြလေ့ရှိကြပြီး ပျော်ပျော်နေတတ်တဲ့ စရိုက်ရှိတာကြောင့် အခြားအပါင်းအသင်းတွေ မိန်းကလေးတွေနဲ့ လူမှုဆက်ဆံရေးကောင်းအောင် နေ့လေ့ရှိပါတယ်။ ကံရာသီဖွားတွေကတော့ အရမ်းကိုအေးဆေးတည်ငြိမ်ပြီး သဝန်တိုတတ်ကြတာကြောင့် မကြာခဏ အထင်အမြင်လွဲမှုတွေ သဝန်တိုတွေနဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ကံရာသီဖွားတွေဟာ သူတို့ရဲ့အားနည်းချက်ကို ကြောက်ရွံ့တတ်တဲ့စရိုက်ရှိတာကြောင့် မေထုန်ရာသီဖွားချစ်သူက သစ္စာရှိမှု၊ ရိုးသားမှုကို အမြဲတမ်းပြသဖို့ကြိုးစားနေမှသာ ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ဓနုရာသီဖွားနဲ့ တူရာသီဖွား

ဓနုရာသီဖွားတွေဟာ အနာဂတ်ကိုဂရုစိုက်လေ့ မရှိပဲ ပစ္စုပ္ပန်ဘဝမှာပဲ နေထိုင်လေ့ရှိပါတယ်။ တူရာသီဖွားတွေကတော့ အရာရာတိုင်းကို ပလန်ချတတ်သူတွေ ဖြစ်ပါတယ်။ ဒီအကြောင်းကိစ္စကြောင့်ပဲ သူတို့စုံတွဲဟာ ရန်ဖြစ်မှုတွေ ပဋိပက္ခတွေနဲ့ အမြဲစခန်းသွားနေရတတ်ပါတယ်။ တူရာသီဖွားတွေက ဘဝကိုတည်တည်ငြိမ်ငြိမ်နဲ့ အဆင်ပြေပြေနေနိုင်ဖို့ အမြဲတမ်းတွေးပူနေပြီး ဓနုရာသီဖွားချစ်သူက သူလိုချင်တာတွေ မဖြည့်ဆည်းပေးနိုင်တဲ့အခါ တသက်လုံးရန်ဖြစ်နေရတတ်တဲ့အတွက် ဂရုစိုက်ဖို့လိုပါတယ်။

မိန်ရာသီဖွားနဲ့ ကုံရာသီဖွား

မိန်ရာသီဖွားတွေရဲ့စရိုက်ဟာ အရမ်းကိုစိတ်ခံစားလွယ်ကြပြီး သံသယကြီးလေ့ရှိပါတယ်။ ကုံရာသီဖွားတွေကတော့ လွတ်လပ်စွာနေတတ်ပြီး အနည်းငယ်တစ်ကိုယ်ကောင်းဆန်တဲ့ စရိုက်ရှိပါတယ်။ ဒါ့ကြောင့် မိန်ရာသီဖွားတွေဟာ ကြင်နာမှု၊ အာရုံစိုက်ခံရမှု၊ ကတိကဝတ်တွေကို အမြဲတမ်းလိုလားတောင့်တလျက်ရှိပြီး ကုံရာသီဖွားတွေက သူတို့ရဲ့လွတ်လပ်မှုနဲ့ ကိုယ်ပိုင်နယ်ပယ်ကိုကာကွယ်တတ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးနားလည်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ကတောက်ကဆတွေ ဖြစ်တတ်ပါတယ်။

မကရရာသီဖွားနဲ့ မေထုန်ရာသီဖွား

ဓနုရာသီဖွားနဲ့ တူရာသီဖွားတို့လိုပဲ မေထုန်ရာသီဖွားဟာ ပစ္စုပ္ပန်မှာပဲနေထိုင်ပြီး မကရရာသီဖွားက အနာဂတ်အတွက် အစီအစဉ်တွေ ချတတ်တာကြောင့် အမြဲတမ်းပြဿနာတွေတက်ကြရပြီး လမ်းခွဲရတဲ့အခြေအနေထိရောက်တတ်ပါတယ်။

ကံရာသီဖွားနဲ့ မိန်ရာသီဖွား

မိန်ရာသီဖွားတွေဟာ စိတ်ကူးယဉ်သမားတွေ ဖြစ်ကြပြီး အနာဂတ်အကြောင်းအမြဲတမ်းတွေးနေတတ်ပါတယ်။ ဒါ့ကြောင့် ပစ္စုပ္ပန်ဘဝရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး အနာဂတ်အတွက် အစီအစဉ်တွေ ချလေ့ရှိကြပါတယ်။ သူ့ရဲ့ချစ်သူကိုလည်း အလုပ်အရမ်းကြိုးစားချင်တဲ့ စိတ်ရှိဖို့ တွန်းအားတွေပေးတတ်ကြပါတယ်။ ကံရာသီဖွားတွေကတော့ ဆင်ခြင်တုံတရားကို ဦးစားပေးပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်တတ်သူတွေပါ။ အနာဂတ်အကြောင်းတွေးပြီး သူ့ရဲ့အချိန်တွေကို ကုန်ဆုံးမှာမဟုတ်ပါဘူး။ ယခုရာသီဖွားစုံတွဲဟာ ကောင်းမွန်တဲ့ relationship တစ်ခုကိုအတူတူတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

Credit;Lifestylemyanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.