“ရယ်မောစရာလေးတွေ တင်တိုင်း သာမ န်နော က်ပြော င်တာထက် စော် ကားသလို ရေးပြော နောက်ပြောင်ကြတာမျိုးတွေကြောင့် ဒေါသမထွက်အောင် နေနေရတယ်ဆိုတဲ့ မြနှင်းရည်လွင်”

Posted on

ပရိသတ်ကြီးရေ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲထဲက ဝေနှင်းဖြူ ကာရိုက် တာလေးနဲ့ ပရိသတ်တွေ ရဲ့ အားပေ မှုလေးေ တွကို ရရှိခဲ့ သူ မြနှင်းရည်လွင်ကိုေ တာ့ အထူးအထွေမိ တ်ဆက်ပေး ရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ မြနှင်းရည်လွင်ကတော့ ဝေနှင်းဖြူကာရိုက်တာလေးကနေ အစပြုကာ ပရိသတ်တွေဆီက အားေ ပးမှု အပြည့်အဝရရှိခဲ့ပြီး မဟာဆန်တဲ့ မျက်နှာကျနဲ့ မြန်မာဆန်ဆန်ရိုက်ထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသ တ်တွေကြားမှာ ရေပန်းစားနေ သူပါ.။

မြနှင်းရည်လွင်ကတော့ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ်လည်း ဟိတ်ဟန်မရှိဘဲ ပျော်ရွှင်လွတ်လပ်စွာ ပြောဆိုတတ်သူလေးပါ။ မမမြလို့ ပရိသတ်တွေချစ်စနိုးခေါ်တဲ့ မြနှင်းရည်လွင်ကတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသပိုစ့်လေးတွေကို တင်တတ်သလို မျှဝေလေ့ရှိသူပါ.။ ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာတော့ မမမြက သူမရဲ့ အကောင့်မှာ ဟာသပိုစ့်တွေ တင်တာမျိုးသိပ်မလုပ်တော့မယ့်အကြောင်းကို “အစအနောက်အခွီတွေ ဒီရက်ပိုင်းခဏနားပါမယ်.။ တင်ချင်လဲတင်ပါမယ်.။

အားလုံး ကပ်ရောဂါဆိုးနဲ့ရင်ဆိုင်နေချိန် လူတိုင်းစိတ်ထဲမှာ အပူတွေရှိပါတယ်။ အဲ့တော့ ရီစရာတင်တိုင်းလဲ တော်ရုံလေးနောက်ရပါတယ် ။ အရမ်းစည်းမရှိကမ်းမရှိ လာနောက်ပြောင်ရေးစော်ကားသလိုတွေ ပါလာတာကြတော့ ဒီလိုအချိန်စိတ်နဲ့အဆင်မပြေပါဘူး.။ အားလုံးအေးအေးချမ်းချမ်း ကိုယ်ဟာကိုယ်ဖန်တီးယူပြီး နေနေရတဲ့အချိန်မို့လို့ ဘာမှမဟုတ်တာနဲ့လဲ ဒေါသမထွက်ချင်ပါဘူး။ အားကုန်ပါတယ်။ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်လာခဲ့ပါတယ်.။

မမမြက သူမက အပျော်သဘောတင်တဲ့စာတွေမှာ စော်ကားသလို ပြောတဲ့ မှတ်ချက်တွေကြောင့် ဒေါသမထွက်ချင်လို့ ဟာသပိုစ့်တွေကို သိပ်မတင်ချင်တော့ကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.. ပရိသတ်ကြီး။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Mya Hnin Yee Lwin’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.