Myanmar Idol Season 3 ပြိုင်ပွဲဝင်မေမဒီဟာဆိုရင် အသံချိုချိုလေးနဲ့ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း သူ့ကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ မေမဒီက ခုဆိုရင် အဆိုတော်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး ကိုယ်ပိုင် သီချင်းလေးတွေကိုပါဖန်တီးနေသူပါ။ဒီနေ့လေးကတော့ မေမဒီ ရဲ့မွေးနေ့လေးပါ။ပရိသတ်ကြီးအတွက် မေမဒီရဲ့မွေးနေ့မှာ Billboard အကြီးကြီးထောင်ပြီး မွေးနေ့Surprise အလုပ်ခံလိုက်ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒီနေ့လေးကတော့ အဆိုတော် မေမဒီရဲ့ မွေးနေ့လေးပါ။ သူမကိုချစ်ရတဲ့ ပရိသတ်တွေကလည်း သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ မွေးနေ့ဆုတောင်းပေးထားကြတာတွေ့ရပါတယ်။
ဒီတစ်ခါမှာတော့ မေမဒီရဲ့ မွေးနေ့မှာ Billboard အကြီးကြီးထောင်ပြီး မွေးနေ့Surprise အလုပ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ Billboardတွေကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ အကြီးကြီးထောင်ပြီး မွေးနေ့ဆုတောင်း ပေးထားကြတဲ့ သူတွေကတော့ မေမဒီကိုချစ်တဲ့ သူ့ရဲ့ Fan တွေဖြစ်တယ်လို့သိရပါတယ်။
မေမဒီကတော့ အရမ်းကို ပျော်ရွှင်နေတာဖြစ်ပြီး သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။” ဦးချစ်မောင်လမ်းမှာ နောက်တခု 🔥🔥🔥ကျမရူးခါနေပါပီနော်😭” ဆိုပြီးပြောထားပါတယ်။
အနုပညာရှင်မောင်နှမတွေ ကလည်း သူမရဲ့ Surprise အကြီးစားကို အားကျပြီး ဂုဏ်ယူဝမ်းမြောက်နေကြတာတွေ့ရပါတယ်။
အဆိုတော် မေမဒီ ရဲ့ မွေးနေ့မှာ Billboard အကြီးကြီးထောင်ပြီး မွေးနေ့Surprise အလုပ်ခံလိုက်ရတဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source;may madi
ခရက်ဒစ် မိုမိုလေး