ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ချစ်သူနဲ့ တရားဝင် မင်္ဂလာလက်မှတ်ထိုး လက်ထပ်လိုက်တဲ့ အမွန်

Posted on

သီချင်းဆိုကောင်းသလို အမိုက်စားစတိုင်လ်ဒီဇိုင်းတွေကြောင့် လူကြိုက်များတဲ့ အဆိုတော်၊ သရုပ်ဆောင် အမွန်းကတော့ လူငယ်တစ်ယောက်ပီပီ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုကင်းသူတစ်ယောက် ဖြစ်ပါတယ်။ အမွန်းကတော့ သူမရဲ့ အချစ်ရေးနဲ့ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားသလို သူမရဲ့ ချစ်သူဟာလည်း တိုင်းတစ်ပါးသားဖြစ်နေတာကြောင့် ပရိသတ်တွေ လက်ခံနားလည်ပေးအာင် ကြိုးစားခဲ့သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အမွန်းကိုချစ်ပြီးသားမို့ အမွန်းကိုယ်တိုင်ရွေးချယ်ထားတဲ့ ဘဝလက်တွဲဖော်ကိုလည်း ဝိုင်းပြီးချစ်ပေးကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ချစ်သူဆီက တရားဝင်လက်ထပ်ခွင့်တောင်းခံထားရတဲ့ အမွန်းဟာ သူမရဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း မကြာသေးခင်ရက်ပိုင်းက ပရိသတ်တွေဆီ အသိပေးထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၄) ရက်နေ့မှာတော အမွန်းက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ သူမရဲ့ချစ်သူနဲ့အတူတူ တရားဝင် မင်္ဂလာလက်မှတ်ထိုး လက်ထပ်လိုက်ပြီလို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

အမွန်းကတော့ သူမဘဝကို နွေးထွေးလုံခြုံစေပြီး သူမအပေါ် အချစ်စစ်၊ အချစ်မှန်နဲ့ချစ်တဲ့ ချစ်သူကောင်းတစ်ယောက်ကို ရွေးချယ်လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမွန်းအတွက် ဝမ်းသာဂုဏ်ယူစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Moon’s fb

zawgyi




Source: Ah Moon’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.