ရန်ကုန်ဆေးရုံကြီးနဲ့ ကလေးဆေးရုံကြီးမှာ မွေးနေ့အကြို အလှူလုပ်ခဲ့တဲ့ သရုပ်ဆောင် မိုးဟေကို

ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ချောမောလှပပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူမက သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့ မွေးနေ့အကြို အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါလုပ်ကိုင်နေသူပါ။ စီးပွားရေးကို ဦးစားပေးလုပ်နေတာကြောင့် သရုပ်ဆောင်ပိုင်းမှာ နည်းသွားတာတွေ့ရပေမယ့် ခုနောက်ပိုင်း မှာတော့ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

 

 

ဒီနေ့မှာတော့ မိုးဟေကို က သူမရဲ့ မွေးနေ့အကြို အတွက် အလှူ ကို ရန်ကုန်ဆေးရုံကြီးနဲ့ ကလေးဆေးရုံကြီးမှာ ပြုလုပ်ခဲ့တာပါ။

 

 

သူမက ” မိုးရဲ့မွေးနေ့နားနီးတော့ မွေးနေ့အလှူဒာနအဖြစ် မနက်ပိုင်းစောစော ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀စာမနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ

ကြက်ကြော်နဲ့ထမင်း များကိုရွှေကြာပရဟိတလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများရဲ့ ကူညီပေးမှုနဲ့အတူ ကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်ခဲ့တယ် ပီးတော့ ရန်ကုန်ကလေးဆေးရုံကြီးမာလည်း ကလေးအယောက်၂၀၀အတွက်ဆေးဖိုးအလှူငွေပေးဖြစ်ခဲ့တယ်

မိုးအခုလို အလှူဆန္ဒလေး ဖြစ်မြောက်အောင် မအားလပ်တဲ့ ကြားကနေ ရှေ့ဆောင်လမ်းပြကူညီဆောင်ရွက်ပေးတဲ့ မိုး ချစ်ရတဲ့ ဆရာဂျွန်ကိုလည်းကျေးဇူးတင်ပါတယ်❤️” လို့ပြောထားပါတယ်။

 

 

မိုးဟေကို ရဲ့ မွေးနေ့အကြို အလှူပုံရိပ်ကလေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

 

 

သရုပ်ဆောင်မိုးဟေကိုရဲ့ မွေးနေ့အကြို အလှူပုံရိပ်ကလေးတွေကို ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

 

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.