ရန္ကုန္အေရွ႕ပိုင္း ေဆးရံုႀကီးနဲ႕ အင္းစိန္ေဆးရံုတုိ႕ထံ Mask အခု (၁၅၀၀) လွဴဒါန္းခဲ့တဲ့ မေအးေသာင္း …

က်ရာဇာတ္ရုပ္တိုင္းကို သဘာဝက်က် ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာေလး ေအးေသာင္းကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။မေအးေသာင္းကေတာ့ စီးပြားေရးပိုင္းမွာလည္း ကၽြမ္းက်င္တတ္ေျမာက္သလို ဝါသနာပါတဲ့ သရုပ္ေဆာင္ျခင္းအနုပညာမွာလည္း ပီျပင္စြာ ေဆးစက္က်ရာ အရုပ္ထင္ေအာင္ သရုပ္ေဆာင္ေကာင္းတဲ့သူတစ္ဦးပဲျဖစ္ပါတယ္..။

လက္ရွိမွာ ပ်ံ႕နွံ႕ေနတဲ့ ဗိုင္းရပ္စ္အႏၱာရာယ္ေၾကာင့္ အိမ္မွာပဲ ေနထိုင္ေနၿပီး က်န္းမာေရးလမ္းညႊန္ခ်က္နွင့္ အညီ ေနထိုင္ေနတာပဲျဖစ္ပါတယ္..။ သူမကိုယ္တိုင္လည္း က်န္းမာေရးလမ္းညႊန္ခ်က္မ်ားအတိုင္း လုပ္ေဆာင္ေနသလို ပရိသတ္ေတြအတြက္လည္း နည္းလမ္းေလးေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ မွ်ေဝေပးေလ့ရွိသူပါ..။ ဒီေန႕ မတ္လ (၂၅)ရက္ေန႕မွာေတာ့ “Mask အခု (၁၅၀၀ )လွဴဖို႔မွာထားတာ ဒီေန႔အင္းစိန္ေဆး႐ုံ ႀကီးနဲ႔ ရန္ကုန္အေရွ႕ပိုင္းေဆး႐ုံႀကီးတို႔မွာ လွဴဒါန္းခဲ့ပါတယ္ရွင့္။ အဖ်ားတိုင္းကိရိယာလည္း တအားလိုအပ္ေနပါတယ္ရွင္။” ဆုိၿပီး သူမလွဴဒါန္းခဲ့တဲ့ ပံုရိပ္ေလးေတြနဲ႕အတူ တင္လာခဲ့ပါတယ္..။

ေအးေသာင္းကေတာ့ လိုအပ္တဲ့ေနရာအတြက္ သူမတတ္နို္င္သေလာက္ လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ Cele Connections ပရိသတ္ႀကီးလည္း ရန္ကုန္အေရွ႕ပိုင္းေဆးရံုႀကီးနွင့္ အင္းစိန္ေဆးရံုတို႕အတြက္ လိုအပ္ေနတဲ့ Mask အခု (၁၅၀၀) လွဴဒါန္းခဲ့တဲ့ မေအးေသာင္းရဲ႕ အလွဴအေပၚ သာဓုေခၚေပးသြားၾကပါဦးေနာ္..။

Source: Aye Thaung’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ဖတ္ရန္
ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံတို့ထံ Mask အခု (၁၅၀၀) လှူဒါန်းခဲ့တဲ့ မအေးသောင်း …

ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး အေးသောင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။မအေးသောင်းကတော့ စီးပွားရေးပိုင်းမှာလည်း ကျွမ်းကျင်တတ်မြောက်သလို ဝါသနာပါတဲ့ သရုပ်ဆောင်ခြင်းအနုပညာမှာလည်း ပီပြင်စွာ ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်ကောင်းတဲ့သူတစ်ဦးပဲဖြစ်ပါတယ်..။

လက်ရှိမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အန္တာရာယ်ကြောင့် အိမ်မှာပဲ နေထိုင်နေပြီး ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ နေထိုင်နေတာပဲဖြစ်ပါတယ်..။ သူမကိုယ်တိုင်လည်း ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်နေသလို ပရိသတ်တွေအတွက်လည်း နည်းလမ်းလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် မျှဝေပေးလေ့ရှိသူပါ..။ ဒီနေ့ မတ်လ (၂၅)ရက်နေ့မှာတော့ “Mask အခု (၁၅၀၀ )လှူဖို့မှာထားတာ ဒီနေ့အင်းစိန်ဆေးရုံ ကြီးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့မှာ လှူဒါန်းခဲ့ပါတယ်ရှင့်။ အဖျားတိုင်းကိရိယာလည်း တအားလိုအပ်နေပါတယ်ရှင်။” ဆိုပြီး သူမလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ တင်လာခဲ့ပါတယ်..။

အေးသောင်းကတော့ လိုအပ်တဲ့နေရာအတွက် သူမတတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်နော်..။ Cele Connections ပရိသတ်ကြီးလည်း ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံတို့အတွက် လိုအပ်နေတဲ့ Mask အခု (၁၅၀၀) လှူဒါန်းခဲ့တဲ့ မအေးသောင်းရဲ့ အလှူအပေါ် သာဓုခေါ်ပေးသွားကြပါဦးနော်..။

Source: Aye Thaung’s Facebook

Sakura(Cele Connections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.