“ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံအတွက် PPEအစုံ(၃၀)ကို ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ စုပေါင်းလှူဒါန်းဖြစ်ခဲ့တယ်ဆိုတဲ့ မိစန္ဒီ”
Posted on
အမြဲတမ်းပေ့ါပါးသွက်လက်စွာ နေတတ်လွန်းတဲ့အဆိုတော်မိစန္ဒီကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မိစန္ဒီရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့သီချင်းတွေပါပဲနော်။ သူမကတော့ သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်ဖို့အတွက်လည်း ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
မိစန္ဒီရဲ့ ပျော်ပျော်နေတတ်တဲ့အမူအကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကိုလည်း အခိုင်အမာရရှိထားလျက်ရှိပါတယ်။ ဒီနေ့မှာတော့ မိစန္ဒီက” Closet834 Charity Projectလေးက မိစန္ဒီရဲ့ အင်္ကျီလေးတွေကို ရောင်းပြီးရောင်းရငွေတွေကို ခိုကိုးရာမဲ့နေတဲ့ Animal Shelterလေးတွေကိုလှူဒါန်းမယ့် Charity Projectတစ်ခုဖြစ်ပေမယ့် ဒီတစ်ခါမှာတော့Covid-19 Second waveကြောင့် ပြည်သူတွေစီက အကူညီတွေ အများကြီးလိုအပ်နေတဲ့ Frontlinersနဲ့သူရဲကောင်းတွေအတွက် ဒီProjectက ရရှိခဲ့တဲ့ ငွေတွေနဲ့ PPEအစုံ(၃၀)ကို ပါမောက္ခကြီးမှတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံအတွက် လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒီအလှူလေးက မိစန္ဒီနဲ့ ချစ်ရတဲ့ပရိသတ်ကြီးတွေနဲ့ အတူ လှူဒါန်းခဲ့တဲ့အလှူငွေဖြစ်တဲ့အတွက် အားလုံးကုသိုလ်တွေအများကြီးရရှိပြီးသာဓု ခေါ်ဆိုနိုင်ကြပါစေ”လို့ဆိုပြီးသူမနဲ့အတူ ပရိသတ်တွေရဲ့စုပေါင်းလှူဒါန်းခဲ့တာလေးကို လူမှုကွန်ယက်စာမျက်နှာMydayပေါ်မှာတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
သူမနဲ့အတူ ပရိသတ်တွေရဲ့ စုပေါင်းလှူဒါန်းခဲ့တဲ့အလှူဒါနမှတ်တမ်းပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Mi Sandi’s Facebook
ZAWGYI
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.