ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်တဲ့ ထွန်းထွန်းကတော့ စွယ်စုံရအနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ထွန်းထွန်းရဲ့ သီချင်းတွေဟာ တစ်ချိန်ကဆယ်ကျော်သက်လူငယ်တွေကြားမှာ အတော်လေးကို ရေပန်းစားနေခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ အခိုင်အမာရရှိထားသူဖြစ်ပါတယ်။
ထွန်းထွန်းကတော့ သရုပ်ဆောင်ပိုင်းမှာလဲ ကျွမ်းကျင်မှုရှိသလို အကယ်ဒမီဆုတွေကိုလဲ ရရှိပိုင်ဆိုင်တဲ့အထိ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားဖြစ်တဲ့ ထွန်းထွန်းကတော့ သူရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ လွတ်လွတ်လပ်လပ်နေထိုင်တတ်ပုံလေးတွေကြောင့် ပရိသတ်တွေသာမက အနပညာရှင်အချင်းချင်းကပါ ချစ်ခင်ရပါတယ်။
ထွန်းထွန်းက အချစ်ရေးနဲ့ ပတ်သက်ပြီး လျှို့ဝှက်မထားတတ်တာကြောင့် အသည်းကွဲတဲ့ အခါ လူသိရှင်ကြား ရပ်ကျော်ရွာကျော်အရှက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိမှာ ရည်းစားထားဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။ အသည်းခွဲခဲ့ဖူးတာတွေလည်း ၅၀% လောက်ရှိတယ်လို့ဆိုပါတယ်။ ရည်းစားတွေအများကြီးတွဲခဲ့ပေမယ့် ယူရလောက်အောင် ချစ်တဲ့လူမတွေ့သေးဘူးလို့ပြောဆိုခဲ့တာပါ။ အခုလိုပြောမိလို့လည်း ရည်းစားဟောင်းတွေကို အားနာပါတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ ထွန်းထွန်း ရဲ့ ခံယူချက်အတွက် မှတ်ချက်လေးတွေပေးခဲ့ကြပါဦး။
Source – အနုပညာအလင်းတန်း
Noe Noe May Ju Ju