ရင်သားတွေ လျော့တွဲနေတာကို ပြန်လည်ပြီး တင်းရင်းလှပစေမယ့် အလွယ်နည်း လေ့ကျင့်ခန်း(၄)မျိုး


 

 


 


 


 


credit – aunty may

 

unicode

ခွဲစိတ်ပြုပြင်မှ တင်းရင်းလှပတဲ့ရင်သားလေးတွေကို ရလိမ့်မယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ရင်သားလှလှလေးတွေ ပိုင်ဆိုင်ဖို့ ခွဲစိတ်ပြုပြင်မှမဟုတ်ပါဘူး။ အခုဖော်ပြမယ့်လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးရုံနဲ့ ပျိုမေတို့လိုချင်တဲ့ ရင်သားအလှကိုရမှာပါနော်။

(၁) ညာဘက်လက်ကိုလက်သီးဆုပ်ပြီး မေးစေ့ကိုအောက်ကနေပင့်တင်ပေးပြီး ဦးခေါင်းကိုတော့ အောက်ကိုဖိပေးရမှာပါ။ အဲဒီအနေအထားမှာ ငါးစက္ကန့်လောက်နေပြီး အဲ့ဒါကို သုံးခါလောက်လုပ်ပေးပါ။ အဲလိုလုပ်တဲ့အချိန်မှာ ညာဘက်လက်ကိုကွေးထားပြီးဘေးဘက်ကိုတန်းနေအောင် မြှောက်ထားပေးဖို့လိုပါတယ်။

(၂) လက်ဝါးနှစ်ဖက်ကို ရင်ဘတ်အလယ်နေရာမှာ ပူးကပ်ပြီးတွန်းထားပေးပါ။ အဲ့ဒီအချိန်မှာ ကျောကိုဖြောင့်ဖြောင့်မတ်မတ်လေးထားဖို့လိုပါတယ်။

(၃) ကြမ်းပြင်ပေါ်မှာ မှောက်ခုံမှောက်ပြီး ခြေထောက်နှစ်ဖက်ကို အနောက်ဘက်ကွေးပြီး လက်နှစ်ဖက်နဲ့ခြေကျင်းဝတ်နှစ်ဖက်ကိုဆုပ်ကိုင်ထားတဲ့ပုံစံလေးနေပါ။ အဲ့ဒီအနေအထားမှာ စက္ကန့် ၂၀ လောက်နေပေးပါ။ ကြားမှာ ဆယ်စက္ကန့်နားပြီး (၃) ကြိမ်ပြန်လုပ်ပေးပါ။

(၄) နံရံဘက်ကိုမျက်နှာမူပြီး လက်တစ်ကမ်းအကွာမှာရပ်ပါ။ ပုံမှာပြထားတဲ့အတိုင်းလက်သီးဆုပ်ပြီး နံရံကိုထောက်ထားပေးပါ။ ခန္ဓာကိုယ်ကိုဖြောင့်တန်းပြီး ကျောနဲ့လည်ပင်းကိုလည်းမတ်မတ်လေးထားဖို့လိုပါတယ်။

credit – aunty may

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.