နိုင်ငံကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ လင်းလင်းက Rock သီချင်းကောင်းတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ လင်းလင်းက လက်ရှိမှာတော့ အနုပညာ၊ စီးပွားရေး၊ မိသားစုအရေးနဲ့ ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနစ်ပြီး ကြိုးစားလုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ လင်းလင်းက သူ့ရဲ့ ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးထားပါတယ်။ အဲ့ဒါကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စပ်တူလုပ်ကိုင်တဲ့ ကျောက်လုပ်ငန်းမှ သိန်းထောင်ချီတန်တဲ့ ကျောက်စိမ်းတုံးကြီး အောင်ခဲ့တာပဲ ဖြစ်ပါတယ်။
လင်းလင်းက သူ့ရဲ့ ကံကောင်းမှုကို “အပေါင်းအသင်းဆိုရင် မိသားစုလိုပေါင်းတက်တဲ့ ကိုယ့်အတွက် မိသားစုဆန်တဲ့ အပေါင်းအသင်းတွေဟာ နှစ်ကာလများစွာ တွဲပါလာကြတာပေါ့။ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ်နှစ်လောဒ်ကို သူတို့က ပြိုင်ယူချင်တယ်။ ကိုယ်ကလဲ ဘာမှနားမလည်သော်လဲ ယုံကြည်မှုနဲ့ မ,တည် ပေးတယ်။
ဟော အခု အက်ဒစ်မလုပ်ထားတဲ့ ပုံတွေသာရှုစားကြည့်ပါတော့။”
“ကျွန်တော့်အတွက်တော့ လိုတာထပ်ပိုရှိလာတဲ့ အသပြာတွေကို နဂိုအလှူအတန်းတွေထပ် ပိုပြီးလှူနိုင်တာပါဘဲ။
အဲဒီထပ်ပိုပြီးမဆန်းကြယ် :)))) ဘာဘဲပြောပြော ချစ်ဇနီးလေးကိုလဲ အရမ်းချစ်တယ်(ဟင် ဘာမှလဲမဆိုင်ဘူး ဟိဟိ)”
“သိန်းထောင်ပိုင်းတွေလို့တော့ ပြောတာဘဲ :)))))ဘာမှမလုပ်ရသေးတဲ့ အတုံးတွေလဲ အများကြီးကျန်သေး ပျော်စရာမင်္ဂလာပါဘဲ :)))))” ဆိုပြီး ဝမ်းသာစွာနဲ့ ပြောပြထားပါတယ်၊
လင်းလင်းက အများကို ကူညီတတ်ပြီး စိတ်ထားကောင်းလို့ သူကိုယ်တိုင်လည်း တန်ပြန်ကံကောင်းတာလို့ ထင်ပါတယ်။ ပရိသတ်ကြီးလည်း လင်းလင်းရဲ့ ကံကောင်းမှုကြီးကို အားကျနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source: Htwe Lynn Ko’s fb
ခရက်ဒစ် မိုမိုလေး