ယနေ့အချိန်ထိ ရည်းစားမထားဖြစ်တဲ့ အကြောင်းကို ပြောပြလာတဲ့ ဂျိုအင်ဆောင်း

Posted on

တောင်ကိုးရီးယားနိုင်ငံရှိ လူပျိုကြီးမင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းသားကြီး ဂျိုအင်ဆောင်းဟာဆိုရင် ဒီနှစ်ထဲမှာ အသက် ၃၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီဆိုပေမဲ့ မင်းသားကတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်လို့ဝသေးပုံမပေါ်ပါဘူး။ အိမ်ထောင်ပြုဖို့ မဆိုထားနှင့် ဂျိုအင်ဆောင်းဟာ ရည်းစားတောင် မထားသူတစ်ဦးပါ။ ဂျိုအင်ဆောင်းတစ်ယောက် ဘာကြောင့် ရည်းစားတောင် မထားဖြစ်တဲ့ အကြောင်း အရင်းကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ဂျိုအင်ဆောင်းဟာ MBC ကပြုလုပ်တဲ့ တီဗွီအစီအစဉ်မှာ ရည်းစားထားတာနဲ့ ပတ်သတ်ပြီး အခုလိုပြောကြားသွားပါတယ်။

“ကျွန်တော့်ကို လူတော်တော်များများက ဒီအသက်အရွယ်နဲ့ ရည်းစားတောင်မရှိတာကို အံ့သြကြပါတယ်။ ကျွန်တော်ရည်းစားမထားတာကတော့ တစ်ဖက်က ကျွန်တော့်ရည်းစားဖြစ်မယ့် မိန်းကလေးအတွက် ကြိုတင်ပြီး အားနာနေမိလို့ပါ။ ကျွန်တော်က ဂျိုအင်ဆောင်းဖြစ်နေတဲ့အတွက်၊ နာမည်ကြီးပြီးသားလူဖြစ်နေတဲ့အတွက် တစ်ဖက်က မိန်းကလေးကို အနေရခက်စေမှာပါ။ လူတော်တော်များများကလဲ သူမကို စိတ်ဝင်စားလာပါလိမ့်မယ်။ ဒါကြောင့် ရည်းစားထားတော့မယ်လုပ်တိုင်း ဒါကိုအရင်စဉ်းစားမိရာက ကျွန်တော် ရည်းစားမထားဖြစ်တော့တာ” ဆိုပြီး ပြောပြလာပါတယ်။

ပရိတ်သတ်ကြီးချစ်တဲ့ ဂျိုအင်ဆောင်းဟာ  အပေါင်းအသင်းမက်သူတစ်ဦးလဲဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းမှ ခင်မင်သူတွေအဖြစ် လီကွမ်ဆူး၊ D.O ၊ ဆောင်ဂျွန်ကီ၊ ကင်မ်ဝူဘင်တို့နဲ့ ညီအစ်ကိုလိုခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ခရီးတွေသာဆက်တိုက်ထွက်နေတဲ့ ဦးလေးကြီးဟာရည်းစားမထားတော့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်သူတစ်ဦးသာဖြစ်ပါတယ်။

Ref:koreaboo
Source; popolay
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.