ယုန်လေးကြောင့် မြန်မာပရိသတ်တွေ ဆွမ်းကြီးဝိုင်းလောင်းတာ ခံလိုက်ရတဲ့ လက်ဝှေ့ကျော် ဒေဝ

Posted on

ပရိသတ်ကြီးရေ ၊ နိုင်ငံရပ်ခြားကနေပြီး တကူးတက မြန်မာ့နိုင်ငံကို လာရောက်ကာ လက်ဝှေ့အတတ်ပညာနဲ့ အသက်မွေးနေသူတွေထဲမှာ လက်ဝှေ့ကျော် ဒေဝလည်းအပါအဝင်ပါ ။ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲတိုင်းမှာလည်း ခါးပတ်မရတဲ့ပွဲ မရှိလောက်အောင် လက်ရည်ကောင်းတဲ့ဒေဝ ကို လက်ဝှေ့အသိုင်းအဝိုင်းတစ်ခုလုံးက လေးစားချစ်ခင်ကြတာပါ ။

 

မကြာသေးခင်ကလည်း ပူပူနွေးနွေး ရွှေခါးပတ် ချန်ပီယံတစ်ယောက် ဖြစ်နေတဲ့ ကိုဒေဝကို နိုင်ငံကျော် သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေးက သွားရောက်တွေ့ဆုံခဲ့တာပါ ။ အဆိုပါ အကြောင်းအရာကို “Meeting with Yone Lay ထိုးကွင်းထိုးတာခဏနားချိန်မှာ Original Gangsterရဲ့လျှို့ဝှက်အစီအစဉ်တွေအတွက် ယုန်လေးနဲ့တွေ့ဆုံ” ဆိုပြီး ဓေဝက လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်။

 

အခုလို ရေးသားလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ပရိသတ်တွေက ဒေဝကို ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြပါတာပါ ။ ပရိသတ်တွေက ဒေဝကို ငပေါဖြစ်တော့မယ်လို့ မှတ်ချက်အများအပြားပေးထားတာကို တွေ့ရပါတယ်။ ကဲ ဒေဝတစ်ယောက် တကယ် ပေါသွားနိုင်မသွားနိုင် မှတ်ချက်ပေးခဲ့ကြပါဦး ။

Source – Dave ”The Nomad” Leduc
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.