ယုန်လေးရဲ့ ပြဿနာနဲ့ ပက်သတ်ပြီး တမင်သက်သက်ကြီးလိုက်ဖောင်းနေသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ မိုးမိုး

Posted on





unicode

အဆိုတော် မိုးမိုးကတော့ သူ့ရဲ့ဂီတသက်တမ်းတစ်လျှောက်မှာ ပရိသတ်တွေ အားပေးရကျိုးနပ်စေတဲ့ သီချင်းကောင်းလေးတွေကိုသာ သီဆိုတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးမိုးက စိတ်ရှင်းရှင်းနေတတ်သူတစ်ယောက်ပီပီ သူ့ရဲ့ အလုပ်နဲ့ ပက်သတ်ရင်လည်း ယုံကြည်ချက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးမိုးက ယုန်လေးရဲ့ ပြဿနာနဲ့ ပက်သတ်ပြီး တမင်သက်သက်ကြီးလိုက်ဖောင်းနေသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတာကို တွေ့ရပါတယ်။

ထိုသူက မိုးမိုးနဲ့ ယုန်လေးတို့ရဲ့ ငယ်ဘဝဓာတ်ပုံအောက်မှာ “ခင်ဗျားတို့အဖွဲ့က ရူးကြောင်ကြောင်တွေ ဘာတွေထပ်ပြီး ပေါ်ပင်လုပ်ဦးမှာလဲ။ တော်ပါပြီဗျာ ထပ်မလုပ်ပါနဲ့တော့။ အလကားနေရင်း လူတွေကို အာရုံမနောက်ပါနဲ့ ယုန်လေး သူငယ်ချင်းရယ်” ဆိုပြီး ပြောလာပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး မိုးမိုးက “တစ်သက်လုံး ငါလုပ်တဲ့အလုပ်တွေ နှစ် (၂၀) နီးပါးရှိတယ်။ အေး ဟိုတစ်ခါ ယုန်လေးသီချင်းဖယ်လိုက်။ Political နဲ့ ပက်သတ်လို့ ဘယ်နှခါ ရူးကြောင်ကြောင်ရှိလဲ။ အမှားတစ်ခုလုပ်မိရင် တစ်သက်လုံး သုံးစားမရအောင် ဖိချင်နှိပ်ချင်တဲ့ မင်းတို့စိတ်ဓာတ်က ူးနေသလား ငါတို့ကရူးနေသလား စဉ်းစားကွာ” ဆိုပြီး အချက်ကျကျ ပြန်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

မိုးမိုးကတော့ သူ့ရဲ့ ဂီတအနုပညာကို စော်ကားတဲ့အပြင် ပြီးခဲ့ပြီးသား ကိစ္စတွေကို အစကနေလိုက်ဖော်ပြီး တမင်သက်သက်ကြီး လိုက်ဖောင်းနေသူကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Moe မိုးမိုး’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.