ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခင်လိုင်ကတော့ အောင်မြင်နေတဲ့အနုပညာရှင်တွေထဲက ဟာသလူရွှင်တော်၊ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကို ဟာသလေးတွေနဲ့ အမောပြေစေဖို့ဖန်တီးတဲ့နေရာမှာ ထူးချွန်ပြောင်မြှောက်တဲ့ အနုပညာရှင်တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။
အလှူအတန်း တွေကို စိတ်အားထက်သန်စွာလုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီးတော့ ဇဝနဖောင်ဒေရှင်း တည်ထောင်ပြီး သက်ကြီးဟာသလူရွှင်တော်တွေကို ကျန်းမာရေး စောင့်ရှောက်မှု အလှူတွေပေးအပ်တဲ့နေရာမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ခင်လိုင်အပါအ၀င် အနုပညာရှင်ညီအစ်ကို မောင်နှမတွေက ( ၆ ကြိမ် ) မြောက် ဇဝနဖောင်ဒေးရှင်းမှသက်ကြီးဟာသပညာရှင်များကျန်းမာရေးစောင့်ရှောက်မှု့အလှူငွေပေးအပ်ရန်မဲဖောက်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု့အလှူငွေပေးအပ်ခဲ့တာကို “5.8.2019 ရက်နေ့ ဒီနေ့ကတော့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့ပါဗျာကျွန်တော်တို့ဇဝနဖေါင်ဒေးရှင်းနှင့်အတူပါဝင်လှုဒါန်းကြသော ၇ ရက်သားသမီးအလှုရှင်အပေါင်းတို့ ၏ ၆ ကြိမ်မြောက်သက်ကြီးဟာသပညာရှင်ကြီးများကိုအလှဲ့ကြမဲဖေါက်လှုဒါန်းခဲ့ရာ ဒီလအတွက်ကံထူးရှင်အလှုငွေလက်ခံရရှိခဲ့သူ မန္တလေးမြို့မှ ဘဒွေး ဦးချစ်စရာကို ၁၄သိန်း၃သောင်းပေးအပ်လှုဒါန်းနိုင်ခဲ့ပါတယ် ဘဒွေးဦးချစ်စရာမှ နောက်လတွင်ကံထူးမည့် ရန်ကုန်လှုရွှင်တော်ကြီးအတွက် ၁ သိန်းကျပ်ပြန်လည်လှုဒါန်းခဲ့ပါတယ် ”လို့ ပရိသတ်တွေသာဓုခေါ်လို့ရအောင် ခင်လှိုင်ကလူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်