မန္တလာမြေမှာ ပုသိမ်ထီးလေးဆောင်းပြီး ယဉ်ကျေးသိမ်မွေ့စွာနဲ့ အလှတွေဖြာနေတဲ့ မြန်မာမလေး ခင်ဝင့်ဝါ

ခေးလေးလို့ အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ရတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အလှမယ်လေးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့သူ ဖြစ်ပါတယ်။

ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါက ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်လွန်းသူလေး ဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး ပရိသတ်တွေအားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် ချစ်ခင်သူတွေ အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

အသက်တွေသာ တစ်နှစ်ထက် တစ်နှစ်ကြီးသွားပေမယ့် ခင်ဝင့်ဝါရဲ့မျက်နှာလေးကတော့ အမြဲနုပျိုပြီး ဆယ်ကျော်သက်လေးလို လှပနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယောက်ျားလေးပရိသတ်တွေကြားမှာ ခင်ဝင့်ဝါက ခေးလေးဆိုပြီး အထူးရေပန်းစားနေတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဝင့်ဝါက မြန်မာဆန်ဆန် ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် ပြုစားလိုက်ပြန်ပါတယ်။

ခင်ဝင့်ဝါက မန္တလေးမြို့မှာရှိတဲ့ ကုသိုလ်တော်ဘုရားမှာ ပုသိမ်ထီးလေးဆောင်းပြီး အလှတွေပိုနေတဲ့ ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာမလေးအဖြစ် နန်းဆန်နေတဲ့ ခေးလေးခင်ဝင့်ဝါရဲ့ အလှကတော့ ကြည့်ရှုလို့မဝနိုင်လောက်အောင် ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ မန္တလာမြေရောက် အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khin Wint Wah;

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.