မၾကာခင္မွာ ေရႊလက္တြဲရမယ့္ ခ်စ္သူ ေအာင္လအတြက္ ျပီးျပည့္စံုတဲ့ေမြးေန့ဆုေတာင္းစကားေလးေျပာခဲ့တဲ့ ဝုိင္းစုခိုင္သိန္း

Posted on

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဂီတလောကမှာရော၊ သရုပ်ဆောင်လောကမှာပါ နာမည်ကျော်ခဲ့သူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အဖြစ်သာ ရပ်တည်လာပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ချစ်သူ အောင်လနဲ့အတူတူ သီချင်းတွေ ဖန်တီးရင်းနဲ့သာ သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေလျက်ရှိပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ အဆိုတော် အောင်လရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းက သူမရဲ့ချစ်သူအောင်လအတွက် “Happy birthdayချစ်ဆုံး ဒီနှစ်မွေးနေ့ကစပြီး ဘဝတစ်လျှောက်လုံး ကို… ဖြစ်ချင်တဲ့ ဆန္ဒတွေ အကုန်ပြည့်ပါစေ😍 ကို…ဖန်တီးချင်တဲ့ အနုပညာတွေကိုလည်း အကောင်းဆုံးဖန်တီးနိုင်ပါစေ🥰 ချစ်ကိုလည်း အမြဲချစ်နိုင်ပါစေလို့😊😘” ဆိုပြီး မွေးနေ့ဆုတောင်းပေးလာပါတယ်။

ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ကတော့ ငယ်ငယ်ကတည်းက သံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာလည်း သူတို့ရဲ့ လက်ထပ်ပွဲကို ပြုလုပ်သွားမှာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ တရားဝင်ပြောထားတာ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wine Su’s fb

zawgyi

ႏိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းက ဂီတေလာကမွာေရာ၊ သ႐ုပ္ေဆာင္ေလာကမွာပါ နာမည္ေက်ာ္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္သာ ရပ္တည္လာၿပီး ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးျခင္းမရွိေတာ့တာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ဝိုင္းစုခိုင္သိန္းက သူမရဲ႕ခ်စ္သူ ေအာင္လနဲ႔အတူတူ သီခ်င္းေတြ ဖန္တီးရင္းနဲ႔သာ သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေတြကို ျဖတ္သန္းေနလ်က္ရွိပါတယ္။

ဒီကေန႔ စက္တင္ဘာလ (၁၇) ရက္ေန႔ကေတာ့ အဆိုေတာ္ ေအာင္လရဲ႕ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္းက သူမရဲ႕ခ်စ္သူေအာင္လအတြက္ “Happy birthdayခ်စ္ဆုံး ဒီႏွစ္ေမြးေန႔ကစၿပီး ဘဝတစ္ေလွ်ာက္လုံး ကို… ျဖစ္ခ်င္တဲ့ ဆႏၵေတြ အကုန္ျပည့္ပါေစ😍 ကို…ဖန္တီးခ်င္တဲ့ အႏုပညာေတြကိုလည္း အေကာင္းဆုံးဖန္တီးႏိုင္ပါေစ🥰 ခ်စ္ကိုလည္း အၿမဲခ်စ္ႏိုင္ပါေစလို႔😊😘” ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးလာပါတယ္။

ဝိုင္းစုခိုင္သိန္းနဲ႔ ေအာင္လတို႔ကေတာ့ ငယ္ငယ္ကတည္းက သံေယာဇဥ္ရွိခဲ့ၾကသူေတြျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္းမွာလည္း သူတို႔ရဲ႕ လက္ထပ္ပြဲကို ျပဳလုပ္သြားမွာျဖစ္တယ္လို႔ အင္တာဗ်ဴးေတြမွာ တရားဝင္ေျပာထားတာ ျဖစ္ပါတယ္။ ေအာင္လနဲ႔ ဝိုင္းစုတို႔ ခ်စ္သူႏွစ္ေယာက္ ေနာက္ႏွစ္ေပါင္းမ်ားစြာတိုင္ အခုလိုပဲ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wine Su’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.