ပရိသတ်ကြီးရေ….မင်းသားချောလေးပိုင်တံခွန်ကတော့ ပြည်တွင်းရောပြည်ပမှာပါ အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီး ပြည်ပကပရိတ်သတ်တွေကပါသည်းသည်းလှုပ် အားပေး၀န်းရံခံရ တဲ့ မင်းသားချောလေးတစ်ယောက်ပါ။ သူဟာ တောင့်တင်းကျစ်လျစ်တဲ့ဘော်ဒီအမိုက်စားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး တက်တူးတွေဟာဆိုရင်လည်း အရမ်းကိုအထာကျနေတာကိုတွေ့ရပါတယ်။
ပိုင်တံခွန်ကမကြာခင်ရက်ပိုင်းအတွင်းက သစ်တံခါးဆရာတော်ကြီးရဲ့မေတ္တာဓာတ်ကိုခံယူကာ မြ၀တီမြို့လေးမှာ ဘုန်းကြီး၀တ်နဲ့တရားအားထုတ်ခဲ့တာဖြစ်ပြီး ဘုန်းကြီး၀တ်နဲ့အမှတ်တရပုံလေးတွေကို သူ့ရဲ့Facebookစာမျက်နှာမှာမျှဝေခဲ့ရာကနေ တရုတ်နိုင်ငံ၊ကိုရီးယားနိုင်ငံတွေထိ ဓာတ်ပုံတွေပျံ့နှံ့ကာ နိုင်ငံတကာကပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း ပိုင်တံခွန်ဟာ ပြည်ပနိုင်ငံကနေကိုယ်စားလှယ်ယူကာ ice-cream sandwichရောင်းချပေးနေတာလည်းဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ ice-cream sandwichကို ကိုယ်ပိုင်ဆိုင်လေးဖွင့်လှစ်ပြီး ရောင်းချမှာဖြစ်တဲ့အတွက် ဖွင့်လှစ်မယ့်ဆိုင်ခန်းနေရာလေးကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး ပြင်ဆင်နေတာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ဒီဗီဒီယိုလေးကို သူ့ရဲ့ Facebook my dayလေးမှာတင်ပေးထားခဲ့တာဖြစ်ပါတယ်နော်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းမြစ်: Paing Takhon’s Facebook acc
zawgyi
ပရိသတ္ႀကီးေရ….မင္းသားေခ်ာေလးပိုင္တံခြန္ကေတာ့ ျပည္တြင္းေရာျပည္ပမွာပါ ေအာင္ျမင္ေနတဲ့မင္းသားတစ္ေယာက္ျဖစ္ၿပီး ျပည္ပကပရိတ္သတ္ေတြကပါသည္းသည္းလႈပ္ အားေပး၀န္းရံခံရတဲ့ မင္းသားေခ်ာေလးတစ္ေယာက္ပါ။ သူဟာ ေတာင့္တင္းက်စ္လ်စ္တဲ့ေဘာ္ဒီအမိုက္စားကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ၿပီး တက္တူးေတြဟာဆိုရင္လည္း အရမ္းကိုအထာက်ေနတာကိုေတြ႕ရပါတယ္။
ပိုင္တံခြန္ကမၾကာခင္ရက္ပိုင္းအတြင္းက သစ္တံခါးဆရာေတာ္ႀကီးရဲ႕ေမတၱာဓာတ္ကိုခံယူကာ ျမ၀တီၿမိဳ႕ေလးမွာ ဘုန္းႀကီး၀တ္နဲ႔တရားအားထုတ္ခဲ့တာျဖစ္ၿပီး ဘုန္းႀကီး၀တ္နဲ႔အမွတ္တရပုံေလးေတြကို သူ႔ရဲ႕Facebookစာမ်က္ႏွာမွာမွ်ေဝခဲ့ရာကေန တ႐ုတ္ႏိုင္ငံ၊ကိုရီးယားႏိုင္ငံေတြထိ ဓာတ္ပုံေတြပ်ံ႕ႏွံ႔ကာ ႏိုင္ငံတကာကပရိသတ္ေတြရဲ႕အားေပးမႈကို တခဲနက္ရရွိခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္လည္း ပိုင္တံခြန္ဟာ ျပည္ပႏိုင္ငံကေနကိုယ္စားလွယ္ယူကာ ice-cream sandwichေရာင္းခ်ေပးေနတာလည္းျဖစ္ပါတယ္။
ပိုင္တံခြန္ဟာ ice-cream sandwichကို ကိုယ္ပိုင္ဆိုင္ေလးဖြင့္လွစ္ၿပီး ေရာင္းခ်မွာျဖစ္တဲ့အတြက္ ဖြင့္လွစ္မယ့္ဆိုင္ခန္းေနရာေလးကိုလည္း ကိုယ္တိုင္ကိုယ္က် ႀကီးၾကပ္ၿပီး ျပင္ဆင္ေနတာျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ ဒီဗီဒီယိုေလးကို သူ႔ရဲ႕ Facebook my dayေလးမွာတင္ေပးထားခဲ့တာျဖစ္ပါတယ္ေနာ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
သတင္းအရင္းျမစ္: Paing Takhon’s Facebook acc