မကြာခင်ကျရောက်တော့မယ့် သူမရဲ့မွေးနေ့လေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဝတ်မှုံရွှေရည်

Posted on

ဖြူဖြူသေးသေးလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ရသူလေးပါပဲ။ ဝတ်မှုံရွှေရည်က လူတကာအားကျရတဲ့ ချောမောလွန်းတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားရုံသာမက အကယ်ဒမီဆုနဲ့ အခြားသော ဂုဏ်ပြုဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိ အနုပညာသက်တမ်း (၁၃)နှစ်တိုင် အောင်မြင်တဲ့နေရာတစ်နေရာမှာ အခိုင်အမာရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဒီလ သြဂုတ်လအတွင်းမှာတော့ ဝတ်မှုံရွှေရည်ရဲ့ အသက် (၃၂)နှစ်ပြည့်မယ့် မွေးနေ့လေးကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ မွေးနေ့လေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီး ဒီကနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “ကစ်ရဲ့ Birthday Month လေးမှာ ချစ်ရတဲ့သူတွေအကုန်လုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော် ❤️”ဆိုပြီး ပရိသတ်တွေအားလုံးကိုလည်း ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မကြာခင်မှာ အသက် (၃၂)နှစ်ပြည့်တော့မယ်ဆိုပေမယ့် ငယ်ရွယ်သူတွေတောင် လိုက်လို့မမှီနိုင်အောင် နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သြဂုတ်လအတွင်းမှာ ပျော်ရွှင်ချမ်းမြေ့ကံကောင်းခြင်းတွေရရှိပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.