မကြာခင်ကျရောက်မယ့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရည်ရွယ်ပြီး ဦးဝင်းဦးရဲ့ အသံတုအတိုင်းလုပ်ပြီး ဗီဒီယိုလေးတစ်ပုဒ်ဖန်တီးခဲ့တဲ့ နေတိုး

Posted on

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို နှစ်ပေါင်း (၂၀)နီးပါးတိုင် တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး ထိပ်ဆုံးက ရပ်တည်နေသူ ဖြစ်ပါတယ်။ အနုပညာနဲ့ ပက်သတ်ပြီး အသွေးထဲအသားထဲက ရူးသွပ်စွဲလန်းတဲ့ နေတိုးက ဒီကနေ့မှာတော့ သူ့ရဲ့ပါရမီတစ်ခုကို ပရိသတ်တွေဆီ ချပြလာပါတယ်။

နေတိုးက “ဒီ video လေးကို ဖန်တီးခြင်းဟာ ပရိသတ်များကြည့်မိတဲ့အချိန်​တိုလေးအတွင်းမှာ စိတ်အပန်း​​ဖြေပြုံးရွှင်​😄🙂☺စေရန်ရည်ရွယ်ပြီး ကျွန်​တော်တို့အားလုံးရဲ့ရင်ထဲမှာအမြဲရှိ​နေ​သောအနုပညာရှင်များစွာထဲမှတစ်ချိန်တစ်ခါကရုပ်ရှင်ကို ဆန်းသစ်​အောင်ဖန်တီးနိုင်ခဲ့​သော အနုပညာရှင် ကြီးအား ​လေးစား​တန်ဖိုးထားသောစိတ်ဖြင့်သာရိုက်ကူးဖန်တီးထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ 🧍‍♂️ကျွန်​​တော်ဖြတ်သန်းခဲ့ရတဲ့နှစ် ၂၀ အတွင်းလာမဲ့ October လ 13 ရက်​နေ့ဆိုရင်မြန်မာ့ရုပ်ရှင်ဟာနှစ် ၁၀၀ ပြည့်​တော့မှာပါ။ ဒီလိုအချိန်ဒီကာလမျိုးဟာအပြင်မှာပွဲလမ်းသဘင်ပြုလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး ဒါ​ကြောင့် မလို့ Online ​​ပေါ်မှနည်းမျိုးစုံနဲ့ ​ဖျော်​ဖြေတင်ဆက်မှု​တွေနဲ့သာ​​လော​လောဆယ်​ကျေနပ်​ပေး​စေလိုပါတယ်။”

” နှစ် ၁၀၀ မှနောင်နှစ်​ပေါင်းများစွာတိုင် ​ခေတ်မီသောတိုးတက်​ပြောင်းလဲမှုများစွာဖြင့်ပရိသတ်​​တွေကို​​​ဖျော်​ဖြေ​တင်ဆက်မှု​တွေပေးရင်းမြန်မာ့ရုပ်ရှင်ထာဝရရှင်သန် နိုင်ပါ​စေလို့ဆု​တောင်း​ပေးပါတယ်ခင်ဗျာ..🙏🙏🙏 🙂ယခု Video မှာ ကိုယ်တိုင်ရိုက် home made🏡 video အတိုအမျိုးအစားဖြစ်ပြီး သီဆိုတား​သော” မမမိုး “သီချင်းမှာ တေး​ရေး -အလင်္ကာကျော်စွာရွှေပြည်​အေး​ရေးသားထားတာဖြစ်ပြီး မူရင်းအဆိုရှင် ဦးဝင်းဦး ရဲ့အသံကိုအတုလုပ်ပြီး ပြန်တီး🎹🎼 ပြန်ဆို🗣🎙ထားခြင်းဖြစ်ပါတယ်💁‍♂️ 🙂ပရိသတ်များအားလုံး ​ကျန်းမာပျော်ရွှင်​သော ဘဝ​တွေကိုပိုင်ဆိုင်ကြပါ​စေခင်ဗျာ။ သင်ဆရာ မြင်ဆရာ ကြားဆရာ များအားထာဝရဦးညွတ်လျှက်ပါ..🙇‍♂️🕴
💞နွေး​ထွေးမှုများစွာဖြင့် …..​နေတိုး🙂” ဆိုပြီး မျှဝေပေးထားပါတယ်။

နေတိုးကတော့ အနုပညာနဲ့ ပက်သတ်ရင် ပရိသတ်တွေက လေးစားရလောက်အောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခေတ္တခဏတော့ ဘဝအမောတွေပြေပျောက်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.