မွ်စ္စားသုံးျခင္းကေန ဘယ္လိုက်န္းမာေရးေကာင္းက်ိဳးေတြရႏိုင္သလဲ …

Posted on

အခုလို မိုးတြင္းကာလမွာ ေပါေပါမ်ားမ်ား ေတြ႕ရတတ္ၿပီး လူအမ်ား ႏွစ္ၿခိဳက္စြာ စားေလ့ရွိၾကတဲ့ သဘာဝအစားအစာ တမ်ိဳးကေတာ့ မွ်စ္ပဲ ျဖစ္ပါတယ္။ ေၾကာ္စား၊ ခ်က္စား၊ အတို႔အျမႇဳပ္ အေနနဲ႔လည္း စားၾကတဲ့ မွ်စ္ဟာ စားလို႔ေကာင္းၿပီး လူအမ်ားစု ႏွစ္သက္ၾကပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ မွ်စ္စားသုံးျခင္းကေန ရရွိႏိုင္တဲ့ က်န္းမာေရး ေကာင္းက်ိဳးေတြပဲ ျဖစ္ပါတယ္။

(၁) ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးႏိုင္တယ္

မွ်စ္ဟာ ပ႐ိုတင္းဓာတ္ ႂကြယ္ဝတဲ့ အစားအစာတမ်ိဳးျဖစ္ၿပီး ကိုယ္အေလးခ်ိန္ကို ျမင့္တက္ေစႏိုင္တဲ့ ကယ္လိုရီ၊ အဆီဓာတ္၊ သၾကားဓာတ္နဲ႔ ကာဗိုဟိုက္ၿဒိတ္ဓာတ္တို႔ ေလ်ာ့နည္းစြာ ပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးႏိုင္ၿပီး ဝိတ္တက္လာျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

(၂) ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစတယ္

မွ်စ္မွာ ပိုတက္ဆီယမ္ဓာတ္ ျမင့္မားစြာ ပါဝင္ၿပီး ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစတဲ့ သတၱဳဓာတ္ေတြ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစၿပီး ႏွလုံးက်န္းမာေရး ျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

(၃) အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္

မွ်စ္ဟာ အမွ်င္ဓာတ္ ႂကြယ္ဝတဲ့ အစားအစာတမ်ိဳးျဖစ္တာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

မွ်စ္ဟာ ေသြးတြင္းက မေကာင္းတဲ့ ကိုလက္စထေရာေတြကို က်ဆင္းေစတာေၾကာင့္ ခႏၶာကိုယ္တြင္းက အဆီပိုေတြကို ေခ်ဖ်က္ေပးႏိုင္ၿပီး အူမႀကီးလႈပ္ရွားမႈကို ေကာင္းမြန္ေစႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

(၄) ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တယ္

မွ်စ္မွာ ပါဝင္တဲ့ အမွ်င္ဓာတ္နဲ႔ Phenolic Compound ဓာတ္တို႔ဟာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တဲ့ အစြမ္းရွိၿပီး အူမႀကီးကင္ဆာ၊ အစာအိမ္ကင္ဆာ၊ အဆုတ္ကင္ဆာနဲ႔ ရင္သားကင္ဆာတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

Credit Irrawaddy

Ref. www.stylecraze.com

Unicode
မျှစ်စားသုံးခြင်းကနေ ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရနိုင်သလဲ …

အခုလို မိုးတွင်းကာလမှာ ပေါပေါများများ တွေ့ရတတ်ပြီး လူအများ နှစ်ခြိုက်စွာ စားလေ့ရှိကြတဲ့ သဘာဝအစားအစာ တမျိုးကတော့ မျှစ်ပဲ ဖြစ်ပါတယ်။ ကြော်စား၊ ချက်စား၊ အတို့အမြှုပ် အနေနဲ့လည်း စားကြတဲ့ မျှစ်ဟာ စားလို့ကောင်းပြီး လူအများစု နှစ်သက်ကြပါတယ်။

အခုဖော်ပြပေးမှာကတော့ မျှစ်စားသုံးခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်တယ်

မျှစ်ဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်ပြီး ကိုယ်အလေးချိန်ကို မြင့်တက်စေနိုင်တဲ့ ကယ်လိုရီ၊ အဆီဓာတ်၊ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်တို့ လျော့နည်းစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပြီး ဝိတ်တက်လာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

မျှစ်မှာ ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

မျှစ်ဟာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

မျှစ်ဟာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေတာကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ချေဖျက်ပေးနိုင်ပြီး အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၄) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်

မျှစ်မှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ Phenolic Compound ဓာတ်တို့ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပြီး အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Credit Irrawaddy

Ref. www.stylecraze.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.