ပရိသတ်ကြီးရေ ၊ လက်ရှိမှာ ရေဘေးသင့်နေတဲ့ မွန်ပြည်နယ် ကို ကိုယ်တိုင်ဆင်းပြီး ပရဟိတ ကူညီကယ်ဆယ်ရေးတွေကို ဆောင်ရွက်နေသူတွေထဲမှာ မင်းသားဝေဠုကျော်နဲ့ ACC အဖွဲ့သားတွေပါဝင်ပါတယ် ။ ကိုဝေကြီးတစ်ယောက်ကူညီကယ်ဆယ်ရေးတွေကိုမိုးထဲရေထဲ ဆောင်ရွက်နေတာ လေးစားစရာပါ ။
လက်ရှိမှာ သေဆုံးသူ ၂၀ ကျော်တွေ့ရှိထားပြီး ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ် လို့ သိရပါတယ် ။ တောင်ပြိုကျ၍ ကားများအိမ်များမြေအောက်ရောက်သွားသော မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် နိင်ငံတော်အစိုးရသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍
WLK အဖွဲ့သားများမှ ရှာဖွေကယ်ဆယ်ရေးများကို ဝိုင်းဝန်းကူညီပေးနေပါတယ် လို့သိရပါတယ်
ACC မှ တာဝန်ရှိသူ ကိုရဲမင်း က “တကယ့်ကို မထင်မှတ်စရာ သဘာဝဘေးဆိုး
ကြီးပါ အိမ် ၂၇ လုံးနှင့် ကားများတောင်ပြိုမြေစာခဲများအောက် ရောက်သွားတာပါ။
ကားနှင့် အိမ်များထဲမှာ လူများစွာပါသွားပါတယ်။လက်ရှိ ယနေ့ တူးဖော်မှုမှာတော့ သုံးဘီးဆိုင်
ကယ်ဘေးတွဲနှင့် ပိတ်မိနေသော အသက်သေဆုံးနေပြီဖြစ်သည့် ကလေးအလောင်းကို ဆွဲထုတ်နိင်ရန် ကယ်ဆယ်ရေးများက တူးဖော်နေပါသည်။” လို့ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ မိုးထဲရေထဲ မှာ ကယ်ဆယ်ရေးတွေဆောင်ရွက်နေတဲ့ ကိုဝေကြီးတို့ အဖွဲ့သားတွေအတွက် မှတ်ချက်ကနေ တစ်ခုခု ပြောခဲ့ကြပါဦး ။
Source -ရဲမင်း(AAC မဟာမိတ်အဖွဲ့ )
Noe Noe May Ju Ju