မွန်ပြည်နယ် ရေဘေးကူညီမှုအဖြစ် အလှူငွေ (၅)သိန်းကျပ်နဲ့ အစားအသောက်တွေ လှူဒါန်းမည့် စမိုင်းလ်

Posted on

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊သဲဖြူကုန်းရွာမှာ မိုးရွာရေကြီးနေတာကြောင့် တောင်ပြိုမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ပြိုမြေခဲတွေအောက်မှာ လူတွေ၊အိမ်တွေ၊ကားတွေ ပိတ်မိကာပျောက်ဆုံးရတဲ့အထိ သဘာဝဘေးအန္တရာယ်တွေကို ကြုံတွေနေရတာဖြစ်ပါတယ်။မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ရေဘေးကယ်ဆယ်မှုတွေကိုလည်း ပြုလုပ်နေရတာလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့မှလည်း သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

လတ်တလောမှာတော့ စမိုင်းလ်ဟာ မိုးရွာရေကြီးနေတာကြောင့် မွန်ပြည်နယ်တစ်ဝိုက်မှာ ရေကြီး ၊မြေပြိုမှုတွေဖြစ်နေပြီး ရေဘေးကယ်ဆယ်မှုတွေကို ပြုလုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေရသူတစ်ယောက်ပါ ။ ဒီသတင်းကို စမိုင်းလ်အပါအဝင် အနုပညာရှင်ညီအစ်ကို မောင်နှမတွေနဲ့ ပရိသတ်တွေအားလုံးက ဝမ်းနည်းစွာနဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ စမိုင်းလ်တို့ မိသားစုက မွန်ပြည်နယ်က ရေးဘေးဒုက္ခရောက်နေတဲ့ ပြည်သူများအတွက် ရေဘေးကူညီမှုအဖြစ် (၅) သိန်းကျပ် လှူဒါန်းခဲ့တာဖြစ်ပြီး”အလှူငွေ၊အစားအသောက်နဲ့ အဝတ်အစားတွေလည်း လှူချင်ပါတယ်။ တကယ်သွားနိုင်မယ့် ကယ်ဆယ်ရေးအဖွဲ့တွေဆက်သွယ်ပါ။ မြင်ရကြားရတာတွေ မမြင်ရမကြားရဖို့ မိုးနတ်မင်းကြီးရယ် မိုးတွေတိတ်ပေးပါတော့”ဆိုပြီးတော့ စမိုင်းလ်က လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ စမိုင်းလ်ရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..

Source: စမိုင်းလ် Smile
ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.