မွန်ပြည်နယ်က ပရိသတ်တွေအတွက် ဆုတောင်းပေးလိုက်တဲ့ G fatt

Posted on

အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ G Fatt က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။ G Fatt ရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်လေ့ရှိတာ ဖြစ်ပါတယ်။

G Fatt တစ်ယောက် သဘာဝဘေးကျရောက်နေတဲ့ မွန် ပြည်နယ်က ပရိသတ်တွေအတွက် ဆုတောင်း မေတ္တာ ပို့သလိုက်တယ် လို့ သိရပါတယ်။ လက်ရှိမှာ ပေါင်- မော်လမြိုင်လမ်းမကြီးပေါ်သို့ ရဲပြားကုန်းတောင်ရေတိုက်စားမှုများလာပြီး လမ်းမပေါ်သို့ပြိုကျမှုတွေကြောင့် သေဆုံးသူ ၅၀ ဦးထက်ကျော်ပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရတာပါ။ ဒါ့အပြင် မော်တော်ယာဉ်များနစ်မြုပ်ခြင်းတွေနဲ့အတူ ရုပ်အလောင်းများပိတ်မိနေကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးအဖွဲများဝိုင်းဝန်းလုပ်ဆောင်နေကြပြီး စစ်တပ်မှလူအင်အား စက်အင်အားကူညီပေးလျှက်ရှိကြောင်းလည်း သိရပါတယ်။

G Fatt က ဘေးကင်းပါစေ မွန်တို့ဌာနေ ဆိုပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးထားတာပါ။ လက်ရှိအခြေအနေထိ မွန်ပြည်နယ် မှာ ရေကြီးမှု၊ မြေပြိုမှု ဘေးတွေက အချိန်နှင့်အမျှ စိတ်ပူစရာအနေအထားဖြစ်နေတာပါ ။ ပရိသတ်ကြီးလည်း G Fatt လို မွန်ပြည်နယ် က တိုင်းရင်းသားတွေအတွက် ဆုတောင်းပေးကြပါဦး။

Source – G fatt
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.