မျပသခင္ႏွစ္ပတ္အလိုတည္းက လူစိတ္ဝင္စားမႈႏႈန္း ျမင့္တက္လွ်က္ရွိတဲ့ ‘Train to Busan’ ရဲ႕အဆက္ ‘Peninsula’ ႐ုပ္ရွင္ဇာတ္ကား

Posted on

၂၀၁၆ ခုႏွစ္တုန္းက ျပသခဲ့ၿပီးေအာင္ျမင္မႈေတြတစ္ခဲနက္ရရွိခဲ့တဲ့ ‘Train to Busan’ ႐ုပ္ရွင္ဇာတ္ကားရဲ႕အဆက္ျဖစ္တဲ့ ‘Peninsula’ ဟာ အခုဆိုရင္႐ိုက္ကူးၿပီးစီးသြားၿပီျဖစ္ၿပီး ႐ုံတင္ျပသဖို႔အတြက္လည္းအဆင္သင့္ျဖစ္လို႔ေနပါၿပီ။ ဒီ႐ုပ္ရွင္ဇာတ္ကားကို အခုဇူလိုင္လ ၁၅ ရက္ေန႔မွာစတင္ျပသမွာျဖစ္တယ္လို႔ အသိေပးထားေပမယ့္လည္း မျပသခင္ႏွစ္ပတ္အလိုတည္းက ႀကိဳတင္လက္မွတ္မွာယူမႈအေရအတြက္ဟာ ၁၄၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ဒီ႐ုပ္ရွင္ဇာတ္ကားဟာ ႀကိဳတင္လက္မွတ္မွာယူမႈအေရအတြက္ အမ်ားဆုံးေသာ႐ုပ္ရွင္ဇာတ္ကားေတြထဲက ဒုတိယေနရာမွာရွိေနၿပီး ပထမေနရာမွာရွိေနတဲ့ဇာတ္ကားကေတာ့ လက္ရွိျပသလွ်က္ရွိတဲ့ ‘#ALIVE’ ပဲျဖစ္ပါတယ္။ Peninsula’ ႐ုပ္ရွင္ဇာတ္ကားဟာဆိုရင္ ‘Train to Busan’ အၿပီးေလးႏွစ္အၾကာမွာ႐ိုက္ကူးခဲ့တာျဖစ္ကာ ဇာတ္လမ္းပုံစံကေတာ့ ကိုရီးယားပင္နီဆူလာကြၽန္းမွာ ေနထိုင္ၾကသူေတြအေနနဲ႔ ဖုတ္ေကာင္ေတြရဲ႕အႏၲရာယ္ကေန လြတ္ေျမာက္ကာအသက္ရွင္သန္က်န္ရစ္ဖို႔အတြက္ ႀကိဳးစားၾကရတဲ့ပုံစံမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

ဇာတ္ကားထဲမွာအဓိကဇာတ္ေကာင္ေနရာေတြက ပါဝင္ထားၾကသူေတြကေတာ့ မင္းသား Kang Dongwon နဲ႔ မင္းသမီး Lee Junghyun တို႔ျဖစ္ၾကကာ ပရိသတ္ေတြကေတာ့ ‘Train to Busan’ ရဲ႕ေအာင္ျမင္မႈစံခ်ိန္ကိုခ်ိဳးႏိုင္တဲ့ ဇာတ္ကားတစ္ကားျဖစ္လာမလားဆိုတာကို သိခ်င္ေနၾကပါတယ္။

Ref : KStarLive

Unicode

၂၀၁၆ ခုနှစ်တုန်းက ပြသခဲ့ပြီးအောင်မြင်မှုတွေတစ်ခဲနက်ရရှိခဲ့တဲ့ ‘Train to Busan’ ရုပ်ရှင်ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ ‘Peninsula’ ဟာ အခုဆိုရင်ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး ရုံတင်ပြသဖို့အတွက်လည်းအဆင်သင့်ဖြစ်လို့နေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကို အခုဇူလိုင်လ ၁၅ ရက်နေ့မှာစတင်ပြသမှာဖြစ်တယ်လို့ အသိပေးထားပေမယ့်လည်း မပြသခင်နှစ်ပတ်အလိုတည်းက ကြိုတင်လက်မှတ်မှာယူမှုအရေအတွက်ဟာ ၁၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီရုပ်ရှင်ဇာတ်ကားဟာ ကြိုတင်လက်မှတ်မှာယူမှုအရေအတွက် အများဆုံးသောရုပ်ရှင်ဇာတ်ကားတွေထဲက ဒုတိယနေရာမှာရှိနေပြီး ပထမနေရာမှာရှိနေတဲ့ဇာတ်ကားကတော့ လက်ရှိပြသလျှက်ရှိတဲ့ ‘#ALIVE’ ပဲဖြစ်ပါတယ်။ Peninsula’ ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ‘Train to Busan’ အပြီးလေးနှစ်အကြာမှာရိုက်ကူးခဲ့တာဖြစ်ကာ ဇာတ်လမ်းပုံစံကတော့ ကိုရီးယားပင်နီဆူလာကျွန်းမှာ နေထိုင်ကြသူတွေအနေနဲ့ ဖုတ်ကောင်တွေရဲ့အန္တရာယ်ကနေ လွတ်မြောက်ကာအသက်ရှင်သန်ကျန်ရစ်ဖို့အတွက် ကြိုးစားကြရတဲ့ပုံစံမျိုးဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်ကားထဲမှာအဓိကဇာတ်ကောင်နေရာတွေက ပါဝင်ထားကြသူတွေကတော့ မင်းသား Kang Dongwon နဲ့ မင်းသမီး Lee Junghyun တို့ဖြစ်ကြကာ ပရိသတ်တွေကတော့ ‘Train to Busan’ ရဲ့အောင်မြင်မှုစံချိန်ကိုချိုးနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာမလားဆိုတာကို သိချင်နေကြပါတယ်။

Ref : KStarLive

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.