မလျော့သောအလှတရားတွေနဲ့ အလှချင်းပြိုင်နေကြတဲ့ စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့တူဝရီးနှစ်ယောက်

ချစ်ပရိတ်သတ်ကြီးရေ… ပါးဖောင်းဖောင်းလေးနဲ့ နှုတ်ခမ်းမွှေးရေးရေးလေးတို့ကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်ဆိုတာ ပရိတ်သတ်တွေရဲ့ အချစ်တော် လေးတစ်ယောက်ပါပဲနော်။ သူမဟာ အနုပညာမျိုးရိုးရှိသူပီပီ ကိုယ်တိုင်ကလည်း အနုပညာကိုငယ်ငယ်ကတည်းကရူးသွပ်ခဲ့သူဖြစ်တဲ့အတွက်ပရိတ်သတ်တွေရဲ့ ရင်ထဲကနေရာတစ်နေရာ အနုပညာနဲ့သက်သေပြပြီးအရယူခဲ့ပါတယ်နော်။

 

 

 

 

အချစ် အမုန် အလွမ်း ကျရာဘယ်လိုဇာတ်ရုပ်မျိုး ကိုမဆို ဆေးစက်ကျရာ သရုပ်ထင်ဆိုသလို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူလေးတစ်ယောက်ဖြစ်ပါတယ်နော်။ အနုပညာအောက်သက်ကျေသူလေးတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေကိုရိုက်ဖြစ်နေတာကိုလည်းတွေ့ရပါတယ်နော်။ သူမဟာ အားလပ်ရက်လေးတွေမှာလည်း စိုးညီအမတွေပေါင်းပြီးဖွင့်ထားတဲ့ အထည်ဆိုင်လေးမှာ ဝိုင်းလည်းကူတတ်ပါသေးတယ်။

 

 

 

 

အခုတစ်ခါမှာလည်း စိုးပြည့်လေးဟာ သူမတို့ရဲ့ စိုးညီအမတွေထဲမှာ အရမ်းကိုချစ်ဖို့ကောင်းပြီးတော့ ဒီနေ့ဒီအချိန်ထိ အရွယ်တင်နုပျိုမှု လှပမှုတွေကိုပိုင်ဆိုင်ူထားတဲ့ မင်းသမီးချော စိုးမြတ်နန္ဒာနဲ့အတူတူ အလှချင်းပြိုင်ပြီးရိုက်ထားတဲ့ ပုံလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးထားတာကိုတွေ့ရပါတယ်နော်။ လူငယ်ဆန်ဆန် ပျိုမြစ်နုနယ်တဲ့အလှတရားနဲ့ ကျက်သရေရှိရှိရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေကို အသီးသီးပိုင်ဆိုင်ထားတဲ့စိုးညီအမနှစ်ယောက်ကတော့ သူမတူတဲ့အလှနဲ့ လှချင်တိုင်းလှနေပြီး ချစ်ဖို့လည်းအရမ်းကောင်းနေခဲ့ပါတယ်နော်။ ကဲ… တစ်ယောက်တစ်မျိုးစီမရိုးတဲ့အလှတရားနဲ့ ဖမ်းစားလိုက်တဲ့ စိုးညီအမနှစ်ယောက်ရဲ့ အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

 

 

Source : Soe Pyae Thazin

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.