Source: Myo Minn Soe’s fb
unicode
ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်မိုးဦးတို့နှစ်ယောက်ကတော့ နာမည်ကြီး ဒီဇိုင်နာနဲ့ ထိပ်တန်းမင်းသမီးပီပီ အလုပ်တွေများစွာကို အတူတူတွဲဖက်လုပ်ကိုင်ရသလို တစ်ယောက်နဲ့တစ်ယောက် မောင်နှမသဖွယ်လည်း ချစ်ခင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး မိုးကုတ်မြို့မှာရှိစဉ်အခါက မန္တလေးမြို့က ဒီဇိုင်နာမျိုးမင်းစိုးနဲ့ မကြာခဏဆုံတွေ့ကြသလို လက်ရှိ ထက်ထက်မိုးဦး ရန်ကုန်မှာ အလုပ်တွေလုပ်နေချိန်မှာတော့ ဒီဇိုင်နာမျိုးမင်းစိုးနဲ့ မဆုံဖြစ်တာ လအနည်းငယ်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ထက်ထက်မိုးဦးနဲ့ မဆုံဖြစ်တဲ့ (၉) လအတွင်းမှာ ပြောင်းလဲမှုနဲ့ တွေ့ရတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ။် ဒီဇိုင်နာမျိုးမင်းစိုးက “ထက်ထက်ဝတ်စုံတွေလာအပ်ရင်း (9)လလောက်ကြာမှချစ်ဆုံကြီးထက်ထက်နဲ့ပြန်လည်ဆုံတွေ့ခြင်း၊ ဒီအခါပြန်တွေ့တော့လက်မလည်အောင်အလုပ်များစွာနဲ့တန်းစီနေတဲ့ကြော်ငြာဘုရင်မကြီးထက်ထက်ပေါ့။ ” ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။
ဒီဇိုင်နာမျိုးမင်းစိုးကတော့ မတွေဖြစ်တဲ့ (၉) လအတွင်း ကောင်းသောပြောင်းလဲခြင်းတွေနဲ့ပြောင်းလဲသွားတဲ့ ထက်ထက်မိုးဦးအကြောင်းကို ဝမ်းသာစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ အခုလိုပဲ အလုပ်တွေအများကြီးဆက်လက်လုပ်ကိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ myanmar cele cafe ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Myo Minn Soe’s fb