မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မူရင်းဇာတ်လမ်းပိုင်ရှင် ဆရာတော်အရှင်ဆန္ဒာဓိကဆီမှာ အကယ်ဒမီ ရွှေပြားကို လာရောက်လှူဒါန်းခဲ့တဲ့ ကျော်ကျော်ဗိုလ်

Posted on

ပရိသတ်တွေရဲ့ အချစ်တော်လေး ကျော်ကျော်ဗိုကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုရယူပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုကြံ့ကတော့ သရုပ်ဆောင်ပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်သလို အဆိုပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်တဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။  

အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး နှင်းဆီအဖွဲ့ဝင်တစ်ယောက်လဲဖြစ်တဲ ကျော်ကျော်ဗိုလ်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။၂၀၁၈ အကယ်ဒမီပွဲကြီးမှာတော့ ကျော်ကျော်ဗိုတစ်ယောက် အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်သွားပြီး အတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။ 

ယခုမှာတော့မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ဆွတ်ခူးခဲ့တဲ့ ကျော်ကျော်ဗိုလ်ဟာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းပိုင်ရှင် ဆရာတော်အရှင်ဆန္ဒာဓိက တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် အတွက် အကယ်ဒမီ ရွှေပြားကိုသွားရောက် လှူဒါန်းခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်ဗိုလ်တစ်ယောက် သူရဲ့ အကယ်ဒမီရွှေပြားကို လှူဒါန်းနေတဲ့ပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။

source:ကျော်ကျော်ဗိုလ်
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.