မုဒိန်းကောင်တွေကို သတိပေးလိုက်တဲ့အေသင်

ပြည်သူ့အချစ်တော် အေသင်ချိုဆွေကတော့ လတ်တလောမှာ တိုးပွားလာနေတဲ့ မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ရဲဝံ့စွာဖော်ထုတ်တတ်သူပါ။အခုတစ်ခေါက်မှာလည်းအေသင်က မုဒိန်းကောင်တွေကို လူမှုကွန်ရက်ကနေသတိပေးလိုက်ပါတယ်။

မကြာသေးခင်က ရန်ကုန်မြို့ လူလယ်ခေါင်မှာ မုဒိန်းကျင့်ဖို့ ကြိုးစားခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ကို Mizzima က မေးမြန်းခဲ့တဲ့ ရုပ်သံကို ပြန်လည်မျှဝေရင်း ” ဒီလို အရွယ်ရောက်ပြီးသား မိန်းမတယောက်တောင် ဒီလောက်ခံစားရရင် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေ ဆိုရင် တွေးရင်းနဲ့ ကြက်သီးတောင်ထတယ်။မုဒိန်းကောင်တွေရယ် ၊ လူလိုတွေးပြီး လူလိုနေကြစမ်းပါဟယ်၊
တရားဥပဒေ သည်လည်း လူလို စိုးမိုးကြပါစေ။”လို့ရေးသားခဲ့တာပါ။အေသင့်ရဲ့ပြောဆိုမှုအပေါ်မှတ်ချက်လေးပေးခဲ့ကြပါဦး။

Source – Athen Cho Swe

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.