မီးလင်းတဲ့​ ဂါဝန်​​လေးနဲ့ က​လေးလေး တစ်​​ယောက်​လို​ပျော်​​နေတဲ့ အသဲတုံးလေး​ဖွေး​ဖွေးရဲ့ ချစ်စရာဗီဒီယိုလေး

Posted on

မြန်မာနိုင်ငံ ရဲ့ အကျော်ကြားဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဖွေးဖွေးကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော နူးနူးညံ့ညံ့နဲ့ ချစ်စရာကောင်း တာကြောင့်ပါ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက Hearty Heart Pinkest Event Of the Year ပွဲလေးကို ပန်းနုရောင်လေးတွေ ခြုံလွှမ်းထားတဲ့ ချစ်စရာ ဝတ်စုံလေးနဲ့ အလှဆုံးပွဲတက်ခဲ့တာ တွေ့ရပါတယ်။ မီးလင်းတဲ့ သူမရဲ့ပန်း​ရောင် ​ဂါဝန်​​လေးကိုကြည့်​ပြီး က​လေးတစ်​​ယောက်​ လို​ပျော်​​နေတဲ့ ​ဖွေး​ဖွေးက ​တော့ အရမ်းချစ်​ဖို့​ကောင်​​နေတာပါ​နော်​။

 

 

ဖွေ​ဖွေး​ က​တော့ “Hearty Heart Pinkest Event Of the Year ကအိမ်အပြန်… Thanks for coming အချစ်တို့… love you much… ????????????????????????” ဆိုပြီး သူမရဲ့ ချစ်​စရာ ဗီဒီယို​လေးကို ​ဝေမျှ​ပေးထားတာပါ။

 

 

 

မီးလင်း တဲ့ ဂါဝန်​​လေးကိုကြည့်​ပြီး ​ပျော်​​နေတဲ့ ​ဖွေး​ဖွေးရဲ့ဗီဒီယို

 

 

ဖွေး​ဖွေး က​တော့ လတ်​တ​လောမှာ ရုပ်​ရှင်​ဇာတ်​ကား​တွေ ပြန်​ရိုက်​ကူးဖို့ လက်​ခံထားတာရှိတယ်​လို့ သိရပါတယ်​။ သရုပ်​​ဆောင်​ပိုင်းမှာ သဘာဝကျ ပီပြင်လွန်း တဲ့​ဖွေးက​တော့ ဇာတ်​ရုပ်​နဲ့ လိုက်​ဖက်​ညီစွာ အမြဲကြိုတင်​ပြင်​ဆင်ပြီးမှ သရုပ်​​ဆောင်​​လေ့ ရှိတာပဲဖြစ်​ပါတယ်​။ ဖွေးစိန်​​လေးကို ချစ်​ကြတဲ့ ပရိသတ်​​တွေလည်း သူမရဲ့အလှနဲ့ အပြုံး​လေးေ​တွကိုမြင်​လိုက်​ရလို့ ​ပျော်​​နေကြလိမ့်​မယ်​လို့ ​မျှော်​လင့်​မိပါတယ်​​နော်​။

Credit;Phway Phway’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.