“မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲ ဒုတိယအကြိမ်ပြန်လည်ပြခြင်းအတွက် ချစ်ပရိသတ်တွေဆီက ဂုဏ်ပြုလက်ဆောင်တွေများစွာရရှိခဲ့တဲ့ ကျော်ထက်ဇော်

Posted on

မြင်သူရင်ကို အေးချမ်းစေနိုင်တဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ သူ့ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲမှာကတည်းက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေအားပေးမှုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျော်ထက်ဇော်က အနုပညာလှုပ်ရှားမှုတွေများစွာကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေ စိတ်ထဲစွဲကျန်ရစ်စေမယ့် ဇာတ်လမ်းတွဲပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို သဘောမနောလည်း ကောင်းမွန်တာကြောင့် ချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတဲ့ ကျော်ထက်ဇော်က ဒီကနေ့မှာလည်း ဒုတိယအကြိမ်ပြန်လည်ပြသတဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲအတွက် ဂုဏ်ပြုလက်ဆောင်တွေပို့ပေးတဲ့ ပရိသတ်တွေအကြောင်း ပြောလာပါတယ်။

ကျော်ထက်ဇော်က “မေတ္တာတရားတွေကြီးမားပါတယ် 💙 ဒီနေ့ ပြန်ပြမယ့် ကိုယ့်ဇာတ်လမ်းတွဲလေးအတွက် ထပ်မံဂုဏ်ပြုတာတဲ့..ကျေနပ်ပီတိဖြစ်ရပါတယ်။ လူတစ်ဦးတစ်ယောက်ကို ချစ်ဖို့ဆိုတာ မလွယ်ကူတဲ့လောကကြီးမှာ ကျွန်တော် ဘာပဲလုပ်လုပ် အသိအမှတ်ပြူပြီး ကိုယ့်မိသားစုဝင်ထဲကတစ်ယောက်လို့မှတ်ပြီးချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်တာထက်ပိုပြောခွင့်ရရင်ပြောချင်မိပါတယ်💙ဖြစ်တည်မှူတိုင်းကို ချစ်ပေးကြတဲ့အတွက်ကြိုးစားဖို့အားတွေရှိပါတယ် ထာဝရကြိုးစားနေပါမယ်လို့ကတိပြုရင်း………..💙” ဆိုပြီး ချစ်ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာပါတယ်။

ကျော်ထက်ဇော်ကတော့ သူကိုယ်တိုင်လည်း ပရိသတ်တွေအတွက် စစ်မှန်တဲ့ မေတ္တာစေတနာတွေကို ပေးခဲ့သူမို့ တူသောအကျိုးပေးရောင်ပြန်ဟပ်ခြင်းခံရတာပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေအားပေးခြင်းကိုလည်း အများအပြား ပိုင်ဆိုင်ရရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Htet Zaw’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.