မိသားစုနဲ့အတူရှိရတဲ့အချိန်တိုင်းမှာ ပျော်ရွှင်ရလွန်းလို့ ဒီတစ်သက် ယောကျာ်းတောင်ရပါ့တော့မလားဆိုပြီး စဉ်းစားမိနေတဲ့ အေးမြတ်သူ

Posted on




Source: Aye Myat Thu’s fb

Unicode

အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး အေးမြတ်သူက ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ အခုဆိုရင် အသက် (၃၄)နှစ် အရွယ်တောင် ရောက်နေပြီပဲ ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်သည့်တိုင် အေးမြတ်သူက အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့သာ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အေးမြတ်သူက မိသားစုနဲ့အတူရှိရတဲ့အချိန်တိုင်းမှာ ပျော်ရွှင်ရလွန်းလို့ ဒီတစ်သက် ယောကျာ်းတောင်ရပါ့တော့မလားဆိုပြီး စဉ်းစားမိတဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ဘယ်လိုအခက်အခဲ အကြပ်အတည်းတွေရှိရှိ မိဘနဲ့မိသားစုကို ပျော်ရွှင်အောင်ထားရမှာ သားသမီးတိုင်းရဲ့ ဝတ္တရား လို့ မမမြတ်လေး မှတ်ယူထားတယ်ရှင့်။ ဒီအဖေဒီအမေဒီအကိုဒီအမတောင် ချစ်လ်ု့မဝသေးတာ ခု ဒီBaby lay လင်းမြတ်အောင် ထပ်တိုးလာတော့ အပျိုကြီးတော့ ဒီတသက်ယောကျာ်း ရပါတော့မလားနော်❤️❤️❤️❤️❤️❤️❤️❤️❤️” ဆိုပြီး ချစ်စဖွယ်ပြောထားပါတယ်။

အေးမြတ်သူကတော့ နောက်(၂)နှစ်အတွင်းမှာ ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်ပြီး လွတ်လပ်တဲ့အချိန်လေးမှာ မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ အေးမြတ်သူတို့ မိသားစုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Aye Myat Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.