မိဘနှစ်ပါး အတွက် သိန်း(၁၀၀၀) ကျော်တန်ဖိုးရှိတဲ့ BMW ဇိမ်ခံကားကြီးကို ၀ယ်ပေးလိုက်တဲ့ သရုပ်ဆောင် စည်ဖြိုး

စည်ဖြိုး ကတော့ ပရိသတ် ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ မင်းသား တစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။ မကြာသေးမီက MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာ “စိုးမြတ်မင်း”ဆိုတဲ့ ဘုန်းကြီးလူထွက် လက်ဝှေ့သမား ဇာတ်ကောင်နေရာကနေ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီး ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့တာပဲဖြစ်ပါတယ်။

လတ်တလော မှာ စည်ဖြိုးဟာ ကိုယ်ပိုင်စတူရီယိုလေး တစ်ခုကိုဖွင့်လှစ်ထားပြီး တစ်ကိုယ်တော် အယ်ဘမ်တွေလည်း ထွက်ဖို့ ကြိုးစားနေပါသေးတယ်။ ဘာသာတရားကို ကိုင်းရှိုင်းတဲ့အပြင် မိဘကိုသိတတ် လိမ္မာတဲ့သားလိမ္မာလေး စည်ဖြိုးကတော့ မိခင်အတွက် သိန်း(၁၀၀၀)ကျာ်တန်ဖိုးရှိတဲ့ BMW အမျိုးအစား ကားကြီးကို ၀ယ်ပေးလိုက်တာပဲဖြစ်ပါတယ်။

“မြင့်မိုရ်တောင် ဘယ်လောက်မြင့်လို့လဲ။ မိဘ မေတ္တာ နဲ့ ယှဉ်ရင်နိမ့်နိမ့်လေး နဲ့ ဖဝါးအောက်မှာပဲ။ အဖွားဆေးသွားစစ်ပြီး အပြန် ခြေထောက်က အသားမာ ရှိန်ရော တစ်ညလုံး ဝမ်းသွားပြီး အိပ်မရတာရော သနားပြီး ဝယ်ပေးလိုက်တယ်။”လို့ နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့အမေဖြစ်သူ သက်တောင့် သက်သာဖြစ်အောင် ကားဝယ်ပေးဖြစ်တာကို သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာဖြစ်ပြီး “ကျေးဇူးကို ရွယ်ရည် အသက်ကိုမနှေး ပေးဆပ်ပါမည် “လို့လည်း မိဘအတွက် အသက်ကိုပင်ပေးဆပ်နိုင်ကြောင်း ကိုလည်းပြောထားပါသေးတယ်။ ပရိသတ်ကြီးရေ မိဘအပေါ်သိတက်လိမ္မာတဲ့ သားလိမ္မာလေး စည်ဖြိုး အတွက် မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။

Source : Si Phyo
ခရက်ဒစ် Shwelikes

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.