မိန်းမလျာဇာတ်ရုပ်တွေကို သရုပ် မဆောင်ဖြစ်ရတဲ့ အကြောင်းပြောပြလာခဲ့တဲ့ ရဲတိုက်

Posted on

ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အရင်တုန်းက တစ်ခဲနက်ရရှိခဲ့ပြီး ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ ပရိသတ်တွေနဲ့ အနည်းငယ်လေး အဆက်ပြက်နေပေမယ့်လည်း အားပေးမှုတွေကို ရရှိနေဆဲ ဖြစ်တဲ့ မင်းသားရဲတိုက်ကတော့ သူ့အနေနဲ့ မလုပ်ဖူးတဲ့ ကာရိုက်တာကတော့ မိန်းမလျာဇာတ်ရုပ်ဖြစ်ပြီးတော့ အဲ့တာကို လုပ်ရင် မေမေက မကြိုက်လို့ မလုပ်ဖြစ်တာလို့ We Media ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ရဲတိုက်က “အခြောက်လို ဇာတ်ရုပ်ကို ကျွန်တော် သရုပ်မဆောင်ဘူး ဘာလို့လဲဆိုတော့ မေမေ မကြိုက်လို့ ကျန်တာက ပြဿနာမဟုတ်ဘူး ကျွန်တော်က သိပ်ပြီး လုပ်ပြချင်တာ မေမေက မကြိုက်ဘူး။ အဲ့တာတွေကျတော့ ပျော်စရာကြီးလေ နောက်တီးနောက်တောက်နဲ့ သိတယ်မလား ဇာတ်ကွက်ပေါ်မှာ ကျွန်တော်လည်း တစ်ခါတစ်လေလောက်တော့ ဇာတ်ခုံမှာ အပျော်အပျက်လေးလုပ်ချင်တယ်။ ဒါပေမဲ့ မေမေက မကြိုက်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

ရာသီဥတုက အရမ်းပူလာတာကြောင့် သစ်ပင်တွေ စိုက်ကြဖို့ ပြောနေကြတာနဲ့ပတ်သက်ပြီး “ကောင်းပါတယ်ဗျာ အဓိက မြို့ထဲမှာ များများစိုက်ဖို့ကောင်းပါတယ်။ မြို့ထဲမှာ အပင်ကြီးကြီးလေးတွေ စိုက်သင့်ပါတယ် မြို့ထဲမှာဆိုတော့ ပြုစုရတာလည်း လွယ်တယ် သွားသွားလာလာနဲ့ ဒီအပင်ကို စောင့်ရှောက် ဒီအပင်ရှင်သွားတယ်ဆိုရင် ရန်ကုန်မြို့ကြီး စိမ်းစိမ်းစိုစိုဆို အရမ်းကောင်းမှာပဲလို့။”လို့ ပြောသွားခဲ့ပါတယ်။

ဖောင်ဒေးရှင်းကိုလည်း ဆက်လုပ်ဖြစ်လားလို့ မေးမြန်းရာ “ဖောင်ဒေးရှင်းက ပြန်ပြီးတော့ ဟိုဟာ လုပ်ရမယ် လူပြန်စုရမယ်ပေါ့နော် အဲ့တုန်းကစိတ်နဲ့ အတူတူပျော်စရာရှိပျော် အတူတူသွားလိုက် အလှူခံလိုက် ပြန်လာရင် လိုအပ်တဲ့နေရာလေးတွေမှာ သွားပေးလိုက် အားလုံးပျော်ပျော်ပါးပါးဖြစ်ဖို့အတွကိ ကျွန်တော်အပါအဝင် နောက်ထပ် ဖောင်ဒေးရှင်းမှာပါဝင်တဲ့လူငယ်တွေ တစ်ခါတစ်လေ သင်တန်းလေးတစ်ခုကတော့ ယူရအုန်းမယ်ဗျ။ ဘာလို့လဲဆိုတော့ သင်တန်းတက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လူကြီးတွေ ပြောပြတာကို နားထောင်ပြီးမှ လုပ်တာပိုအဆင်ပြေတယ်။ လိုအပ်တဲ့နေရာ ဟုတ်ရဲ့လား တကယ် လလှူလိုက်ရင် ငါတို့လှူချင်တဲ့ ပုံစံမျိုးဖြစ်ရဲ့လား ယုံကြည်တဲ့အခါကျရင် ကျွန်တော့်ကို လှူပေးကြပါတယ်။ ကျွန်တော်က ဖုန်းဆက်ပြီးတော့ လိပ်စာယူ ပြီးရင် သူတို့အိမ်ကိုသွား သွားပြီးရင် အလှူခံပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ရဲတိုက်က “ပရိသတ်ကြီး ဘာပဲပြောပြော ကျွန်တော့်ကို သရုပ်ဆောင်တာကို ကြည့်ချင်သေးတယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းသာတယ် အဲ့အတွက်လည်း ကျွန်တော် အဓိပ္ပါယ်ရှိသွားတယ် ပရိသတ်မရှိရင် ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး။ ဒီအင်တာဗျူးလေးကို ကြည့်မိမယ်ဆိုရင် ပရိုဂျူဆာတွေများပါရင် တစ်ခါတည်း စကားလက်ဆောင်လေး ပါးလိုက်ချင်တာက ကျွန်တော် ဟာသကားလည်း ရိုက်ချင်နေပြီလို့ ကျွန်တော်ဟာသလည်း လုပ်တတ်တယ်လို့။”လို့ပြောသွားခဲ့ပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.