မိန်းမဆူတာခံရတဲ့အကြောင်း ပြောပြလာခဲ့တဲ့ ရွှေထူး

Posted on

ဝေဖန်မှုတွေ ဘယ်လောက်ရှိရှိ နှစ်ယောက်သား နားလည်မှုအပြည့်နဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ရွှေလင်မယားအကြောင်းလေးပြောပြပေးချင်ပါတယ်။

ရွှေထူးတစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေတက်သူတစ်ယောက်ဖြစ်ပြီး အင်တာဗျူး ဖြေတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းသာဖြေတက်သူတစ်ယောက်ဖြစ်ပါတယ်။ “ကျားကျား ရှင်အဲ့လိုဖြေလိုက်တယ် ဟုတ်လား။ သူအဲ့လိုမေးရင် အကျိုးသင့်အကြောင်းသင့် ဒီလိုမေးလို့ ဒီလိုဖြေလိုက်ရတာပါဆိုတာကို ပြန်တော့ ရှင်းပြရပါတယ်။”

“ကျွန်တော်အခုလတ်တလော အနုပညာ လှုပ်ရှားမှုကတော့ သီချင်းတွေတော့ အများကြီးထွက်လာဖို့ရှိပါတယ်။ MTV တွေလည်း ထွက်လာဖို့ရှိတယ်။ ကားရိုက်တွေလည်း ရှိပါတယ်။ ပရိသတ်ကိုကတော့ အမြဲကျေးဇူးတင်ပါတယ်။

ရွှေထူးအနေနဲ့ပြောချင်တာက ကျွန်တော်တက်နိုင်တဲ့ အပိုင်းကနေ သီချင်းလေးတွေလည်းလုပ်သွားမယ်။ ဇာတ်ကားတွေလည်း အတက်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်ကို ဆက်ပြီးတော့ အားပေးပါဦးလို့လည်း ပြောချင်ပါတယ်။”

ရွှေ နှစ်ရွှေရဲ့ အိမ်ထောင်ရေးက မိဘတွေ သဘောမတူတဲ့ကြားကနေ အတူတူရုန်းကန်ပြီး မိဘတွေ ပြန်လည်လက်ခံလာတဲ့ အထိကြိုးစားခဲ့ကြရတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ စိတ်ရှည်ပြီး တစ်ယောက်ပေါ်တစ်ယောက် သည်းခံမှုအပြည့် နားလည်မှု အပြည့်နဲ့ အချစ်ခရီးလမ်းကို လျှောက်လမ်းနေတာဟာ သူတို့ကို အားပေးတဲ့ ပရိသတ်ကြီးလည်း အတုယူသင့်တယ်လို့ အကြံပေးချင်ပါတယ်နော်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.