“မိန်းကလေးပရိသတ်တွေအသည်းတယားယားဖြစ်စေမယ့်အကဗီဒီယိုဖိုင်လေးကို တင်လာခဲ့တဲ့သီဟအောင်”

Posted on




Source: ThihaAung

unicode

ပရိသတ်ကြီးရေသီဟအောင်ကတော့ကိုရီးယားမင်းသားလေးတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်နေရတာအမှန်ပါပဲနော်။ (၂၀၁၉)အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ရွှေကြိုအဖြစ်ပါဝင်ရင်း ပရိသတ်တွေသတိထားမိလာသူတစ်ဦးလည်းဖြစ်ပါတယ် ။

အခုချိန်မှာ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီဖြစ်တဲ့ သီဟအောင်ကတော့ အနုပညာမျိုးရိုးရှိသူဖြစ်ပြီး အောင်မြင်တဲ့လူကြမ်းမင်းသားကြီး ကိုကိုဦးရဲ့ သားလေးပဲ ဖြစ်ပါတယ်။ Music Videoတွေ ဆက်တိုက်ရိုက်ကူးပြီးနောက် အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးနေပြီလို့သိရပါတယ်။

လက်ရှိမှာလည်းပရိသတ်တွေရဲ့အချစ်တွေကိုရရှိပိုင်ဆိုင်ထားတဲ့ သီဟအောင်ကတော့TikTokလေးတွေအမြဲဆော့လေ့ရှိတဲ့သူပါ။ ဒီနေ့မှာလည်း TikTokမှာခေတ်စားနေတဲ့ ချစ်စရာကောင်းတဲ့ကကွက်လေးတွေနဲ့ဆော့ကစားထားတဲ့ ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ThihaAung

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.