မိန္းကေလးတုိင္း သိထားသင့္တဲ့ ကို္ယ့္ကိုယ္ကို ခ်စ္တတ္ဖို႔ အေကာင္းဆံုး ျပင္ဆင္နည္းေလးမ်ား

Posted on

မိန္းကေလးအမ်ားစုရဲ႕ စိတ္က သနားၾကင္နာလြယ္တယ္၊ စိတ္ထိခုိက္လြယ္တယ္၊ အစြဲအလမ္းႀကီးတတ္တယ္ စသျဖင့္ အမ်ိဳးမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေတြက တစ္ခါတစ္ေလမွာ ေကာင္းေပမယ့္လို႔ ကိစၥရပ္တုိင္းမွာ မေကာင္းပဲ ကိုယ့္ကိုယ္ကို ထိခုိက္မႈမ်ားေစပါတယ္။ မိန္းကေလးတစ္ေယာက္ဟာ တစ္ျခားသူထက္ ကိုယ့္ကိုယ္ကို ခ်စ္တတ္ဖို႔ အရင္ဆံုးသင္ယူသင့္ပါတယ္။

ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ၊ ခြင့္လႊတ္တတ္ပါေစ

မိန္းကေလးေတြဟာ သူတို႔ရဲ႕ မိသားစု၊ တစ္စံုတစ္ေယာက္ကိုပဲ အျမဲဂ႐ုစိုက္ေနတတ္ၾကၿပီး  ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ကိုေတာ့ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္္။ တစ္ခါတစ္ေလ စိတ္ထိခိုက္စရာ စိတ္႐ႈပ္စရာေတြ ျဖစ္လာတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို အျပစ္တင္ရင္း စိတ္ဓာတ္ေတြ က်ေနတတ္ပါတယ္။ ဒါဟာ လံုးဝမွားယြင္းတဲ့ ခံယူခ်က္ျဖစ္ၿပီး သူမ်ားေတြထက္ ကိုယ့္ကိုယ္ကို အရင္ဆံုးဂ႐ုစိုက္တတ္ဖို႔ လုိပါတယ္။ ဒါဟာ တစ္ကိုယ္ေကာင္းဆန္တာ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကို အမွားလုပ္မိရင္ေတာင္ ခြင့္လႊတ္ႏုိင္ေအာင္ သင္ယူထားဖို႔ လုိပါတယ္။ လူတုိင္းက အမွားနဲ႔ မကင္းဘူးဆိုတာကို သိထားပါ။ သူမ်ားေတြကို ခြင့္လႊတ္ႏုိင္သလို ကိုယ့္ကိုယ္ကိုလည္း ခြင့္လႊတ္တတ္ေအာင္ ႀကိဳးစားပါ။

သူမ်ားေတြထက္ ကိုယ့္ရဲ႕ထင္ျမင္ခ်က္ကို ဂရုစိုက္ပါ

သင္ဟာ သူမ်ားေတြ ဘယ္လိုပံုေဖာ္ေတြးထင္တဲ့ပံုစံမ်ိဳး မဟုတ္ပဲ သင္ကိုယ္တိုင္ ေတြးထားတဲ့ ပံုစံမ်ိဳးသာျဖစ္ပါတယ္။ သူမ်ားေတြရဲ႕ ေဝဖန္မႈေတြ၊ တိုက္ခိုက္မႈေတြေအာက္မွာပဲ အျမဲတမ္းပိမိမေနပါနဲ႔။ ကိုယ့္ကိုယ္ကို လြတ္ေျမာက္ေအာင္လုပ္ၿပီး အေကာင္းဆံုး႐ွင္သန္ပါ။ ကိုယ့္ရဲ႕ သိမ္ငယ္ေနတဲ့ စိတ္အားငယ္ေနတဲ့အေတြးကို ေဖ်ာက္ၿပီး အေကာင္းဆံုးလုပ္နုိင္တယ္လို႔ေတြးလုိက္တာနဲ႔ သင့္အေတြးအတိုင္း သင္ဟာ ေျပာင္းလဲသြားပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ထင္ျမင္ခ်က္ကိုပဲ ဂ႐ုစိုက္ပါ။

ခ်စ္ပါ မစြဲလမ္းပါနဲ႔

လူေတြအေပၚခ်စ္္တတ္တာက ေကာင္းေပမယ့္ စြဲလမ္းသြားမိရင္ေတာ့ သင့္ဆီ ဆိုးက်ိဳးေတြ တျပံဳႀကီး ဝင္လာဖို႔ လမ္းဖြင့္ေပးလုိက္သလိုပါပဲ။ တစ္စံုတစ္ေယာက္ကို စြဲလမ္းသြားတဲ့အခါ ကိုယ့္ရဲ႕ျဖစ္တည္မႈကို ေမ့ေလ်ာ့သြားတတ္ၿပီး ကိုယ္ဟာ သူ႔ရဲ႕ နယ္႐ုပ္ျဖစ္သြားတတ္ပါတယ္။ သူ႔အတြက္ပဲ အသက္ဆက္႐ွင္ေနရတာမ်ိဳးမဟုတ္ပဲ ကိုယ့္အတြက္ကိုပဲ ႐ွင္သန္ပါ။ ဒီလုိေျပာတာဟာ တစ္စံုတစ္ေယာက္ကို မခ်စ္ရဘူးလို႔ ေျပာတာမဟုတ္ပါဘူး၊ ခ်စ္႐ံုပဲခ်စ္ၿပီး မစြဲလမ္းဖို႔ အၾကံေပးခ်င္တာပါ။

ကိုယ့္ကိုယ္ကို ခ်စ္တတ္ေအာင္ ႀကိဳးစားပါ

ကိုယ့္ကိုယ္ကို ခ်စ္တတ္ဖို႔က တကယ္အေရးပါတဲ့ အခ်က္ပါ။ ကိုယ့္ကိုယ္ကို ခ်စ္တတ္တဲ့သူဟာ တျခားသူေတြကိုလည္း ကိုယ့္လိုမ်ိဳး တန္ဖိုးထားတတ္ပါတယ္။ တစ္ျခားသူေတြကိုပဲ ခ်စ္ၿပီး ကိုယ့္ကိုယ္ကိုက်ေတာ့ ခ်စ္ဖို႔ေမ့ေလ်ာ့ေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ ပထမဆံုးအေနနဲ႔ ကိုယ့္ကိုယ္ကို ခ်စ္တတ္ေအာင္သင္ယူပါ။

Unicode

မိန်းကလေးအများစုရဲ့ စိတ်က သနားကြင်နာလွယ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ အစွဲအလမ်းကြီးတတ်တယ် စသဖြင့် အမျိုးမျိုးဖြစ်တတ်ပါတယ်။ ဒါတွေက တစ်ခါတစ်လေမှာ ကောင်းပေမယ့်လို့ ကိစ္စရပ်တိုင်းမှာ မကောင်းပဲ ကိုယ့်ကိုယ်ကို ထိခိုက်မှုများစေပါတယ်။ မိန်းကလေးတစ်ယောက်ဟာ တစ်ခြားသူထက် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ အရင်ဆုံးသင်ယူသင့်ပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ ခွင့်လွှတ်တတ်ပါစေ

မိန်းကလေးတွေဟာ သူတို့ရဲ့ မိသားစု၊ တစ်စုံတစ်ယောက်ကိုပဲ အမြဲဂရုစိုက်နေတတ်ကြပြီး  ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ တစ်ခါတစ်လေ စိတ်ထိခိုက်စရာ စိတ်ရှုပ်စရာတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း စိတ်ဓာတ်တွေ ကျနေတတ်ပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ ခံယူချက်ဖြစ်ပြီး သူများတွေထက် ကိုယ့်ကိုယ်ကို အရင်ဆုံးဂရုစိုက်တတ်ဖို့ လိုပါတယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အမှားလုပ်မိရင်တောင် ခွင့်လွှတ်နိုင်အောင် သင်ယူထားဖို့ လိုပါတယ်။ လူတိုင်းက အမှားနဲ့ မကင်းဘူးဆိုတာကို သိထားပါ။ သူများတွေကို ခွင့်လွှတ်နိုင်သလို ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

သူများတွေထက် ကိုယ့်ရဲ့ထင်မြင်ချက်ကို ဂရုစိုက်ပါ

သင်ဟာ သူများတွေ ဘယ်လိုပုံဖော်တွေးထင်တဲ့ပုံစံမျိုး မဟုတ်ပဲ သင်ကိုယ်တိုင် တွေးထားတဲ့ ပုံစံမျိုးသာဖြစ်ပါတယ်။ သူများတွေရဲ့ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေအောက်မှာပဲ အမြဲတမ်းပိမိမနေပါနဲ့။ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင်လုပ်ပြီး အကောင်းဆုံးရှင်သန်ပါ။ ကိုယ့်ရဲ့ သိမ်ငယ်နေတဲ့ စိတ်အားငယ်နေတဲ့အတွေးကို ဖျောက်ပြီး အကောင်းဆုံးလုပ်နိုင်တယ်လို့တွေးလိုက်တာနဲ့ သင့်အတွေးအတိုင်း သင်ဟာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ ထင်မြင်ချက်ကိုပဲ ဂရုစိုက်ပါ။

ချစ်ပါ မစွဲလမ်းပါနဲ့

လူတွေအပေါ်ချစ်တတ်တာက ကောင်းပေမယ့် စွဲလမ်းသွားမိရင်တော့ သင့်ဆီ ဆိုးကျိုးတွေ တပြုံကြီး ဝင်လာဖို့ လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ တစ်စုံတစ်ယောက်ကို စွဲလမ်းသွားတဲ့အခါ ကိုယ့်ရဲ့ဖြစ်တည်မှုကို မေ့လျော့သွားတတ်ပြီး ကိုယ်ဟာ သူ့ရဲ့ နယ်ရုပ်ဖြစ်သွားတတ်ပါတယ်။ သူ့အတွက်ပဲ အသက်ဆက်ရှင်နေရတာမျိုးမဟုတ်ပဲ ကိုယ့်အတွက်ကိုပဲ ရှင်သန်ပါ။ ဒီလိုပြောတာဟာ တစ်စုံတစ်ယောက်ကို မချစ်ရဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ချစ်ရုံပဲချစ်ပြီး မစွဲလမ်းဖို့ အကြံပေးချင်တာပါ။

ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ကြိုးစားပါ

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့က တကယ်အရေးပါတဲ့ အချက်ပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူဟာ တခြားသူတွေကိုလည်း ကိုယ့်လိုမျိုး တန်ဖိုးထားတတ်ပါတယ်။ တစ်ခြားသူတွေကိုပဲ ချစ်ပြီး ကိုယ့်ကိုယ်ကိုကျတော့ ချစ်ဖို့မေ့လျော့နေတာမျိုး မဖြစ်သင့်ပါဘူး။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်အောင်သင်ယူပါ။

Source; Auntymay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.