“မိန်းကလေးတိုင်း အားကျရတဲ့ ဆွဲဆောင်မှုရှိရှိ အလှတရားတွေကိုပဲ သူမမှာ ရှိတာပါဆိုတဲ့ သင်ဇာဝင့်ကျော်”

Posted on

ပရိသတ်ကြီးရေ နိုင်ငံကျော် မင်းသမီးချော သင်ဇာဝင့်ကျော်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိရှိနဲ့ လှပသူ မင်းသမီးတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူဆိုရင်လည်း မမှားပါဘူးနော်.။

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကျန်းမာကာ ကောက်ကြောင်းသွယ်လျတဲ့ ခန္ဓာကိုယ်ပုံစံအလှတွေကို ပေါ်လွင်ထင်ရှားအောင် ဝတ်ဆင်ကာ လှပတဲ့ ပုံရိပ်လေးတွေအဖြစ် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလေ့ရှိသူပါ.။ ဘော်ဒီကောက်ကြောင်းအမိုက်စားကို ရရှိဖို့ ကိုယ်တိုင်ကြိုးစားလေ့ကျင့်ခန်းလုပ်ဆောင်တဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း မျှဝေလေ့ရှိသူ သင်ဇာကတော့ ဒီနေ့ စက်တင်ဘာလ (၂၆)ရက်နေ့မှာလည်း သူမမှာ ညစ်ပတ်တဲ့ စိတ်မရှိဘဲ ဆွဲဆောင်မှုရှိတာလေးပဲရှိတာပါလို့ အဓိပ္ပာယ်ရတဲ့ စာကြောင်းလေးနဲ့ အတူ သူမရဲ့ ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

လေ့ကျင့်ခန်းကို အသေအလဲလုပ်ထားတဲ့ ရလာဒ်အနေနဲ့ ချပ်ရပ်ကာ လှပနေတဲ့ ဗိုက်သားအလှကို ရိုက်ထားတဲ့ သင်ဇာဝင့်ကျော်ပုံလေးတွေကတော့ မြင်သူတိုင်း အားကျရတဲ့ ပုံပါပဲနော်.. ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း သင်ဇာဝင့်ကျော်ရဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thinzar Wint Kyaw’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.