“မိခင်ဖြစ်သူရဲ့ အသက်(၆၀)နှစ်ပြည့် မွေးနေ့လေးမှာ အစ်မဖြစ်သူ နေနေနဲ့အတူတူ သွားရောက်ကာ ကန်တော့ပန်းဆင်ခဲ့တဲ့ ချမ်းချမ်းရဲ့ ဗီဒီယိုဖိုင်”


 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

တမူထူးခြားတဲ့ အသံပိုင်ရှင်ဖြစ်တဲ့ နာမည်ကြီး အဆိုတော် ချမ်းချမ်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ချမ်းချမ်းကတော့ သူမရဲ့ ဂီတအလုပ်တွေကို မလုပ်ကိုင်ခင်က မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ကာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ကာ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်.။ လက်ရှိမှာ ချမ်းချမ်းဟာ ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ သူမရဲ့ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းနေသူပါ.။

ဒီနေ့ မေလ (၁၆)ရက်နေ့မှာတော့ မေလ (၁၅)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မိခင်ဖြစ်သူ အသက် (၆၀)ပြည့် မွေးနေ့လေးမှာ သွားရောက် ကန့်တော့ခဲ့တဲ့ အကြောင်းလေးကို “မနေ့ကအမေ့မွေးနေ့..မနေနေတို့အိမ်မှာ..အမေ့ကိုကန်တော့ခဲ့တယ်…။ happy birthday mom..we love u..အမေ့အတွက် အားဆေး.မျက်စိအားဆေး…တစ်လစာ အစားအသောက်တွေရယ်.အမေ့အတွက် အသုးံစရိတ်ကန်တော့ခဲ့တယ်…။ အသက်ရှည်ကျန်းမာပါစေ…အမေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချမ်းချမ်းက သူမတို့ ညီအစ်မ (၄)ယောက်လုံးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းအောင် ဆုံးမသွန်သင်ပဲ့ပြင်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ မိခင်မေတ္တာတွေနဲ့ အချစ်တွေကို သူမရရှိခဲ့လို့ ပျော်ရွှင်ခဲ့ရပြီး မိခင်ကို လုပ်ကျွေးခွင့်ရလို့လည်း ကျေးဇူးတင်ကာ ပျော်ရွှင်ရတဲ့ အကြောင်းလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါသေးတယ်။

ချမ်းချမ်းကတော့ အမြဲတမ်း သူမရဲ့ ရှေ့ကနေ ကောင်းကောင်းဆိုးဆိုး မားမားမတ်မတ် ရပ်တည်ပေးတဲ့ မိခင်ဖြစ်သူအတွက် မွေးနေ့လေးမှာ ကန့်တော့ခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း မိခင်ရဲ့ မေတ္တာတရားတွေကို သိတတ်လိမ္မာစွာ ကျေးဇူးဆပ်နေတဲ့ ချမ်းချမ်းကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်.။
Source: Chan Nyein’s Facebook

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.