ပရိသတ်ကြီးရေ.. ဂီတလောက မှာတစ်ချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်တွေထဲမှာ အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေ သီဆိုဖျော်ဖြေတတ်တာမို့ အားလုံးက ချစ်ခင်အားပေးကြတဲ့ ရှင်ဖုန်းပဲ ဖြစ်ပါတယ်နော်..။
ရှင်ဖုန်းကတော့ သူမရဲ့ဆွဲ ဆောင်မှုရှိ တဲ့ အသံလေးကိုပိုင်ဆိုင်ထားကာ သီချင်းကောင်းလေးတွေ လည်း များစွာထွက်ရှိထားပြီး ပရိသတ်တွေကြားရေပန်းစားအောင်မြင်ခဲ့သလို ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့နားထဲစွဲ ထင်ကျန်နေဆဲပါပဲနော်..။
အနုပညာအလုပ်တွေနည်းပါး သွားပေမယ့်လည်း သူမရဲ့လှုပ်ရှားမှု လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ရှင်ဖုန်းက တော့ သမီးလိမ္မာလေးပီပီ မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်လေးမှာ ချစ်ရတဲ့မေမေတစ်ယောက် ကောင်းမှုကုသိုလ် လေးတွေပြုပြီး ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ငွေတွေနဲ့ ကန်တော့ခဲ့ပါတယ်နော်..။
ဒီကနေ့မှာကျရောက်လာတဲ့ ချစ်မေမေရဲ့ မွေးနေ့လေးမှာ သာသနာပြုကုသိုလ်ယူနိုင်ဖို့အတွက် ငွေကြေးအချို့ကန်တော့ခဲ့တဲ့အပြင် သံဃာတော်တွေကိုလည်း ဆွမ်းကပ်လှူပြီး ဝတ္တုငွေတွေလည်း လှူဒါန်းကာ မိခင်ဖြစ်သူနဲ့ အတူ ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။
“Happy Birthday မေမေမွေး နေ့မှစစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာသနာအကျိုး ဆထပ် တံပိုး သယ်ပိုးဆောင်ရွက်နိုင်ပြီးတရားထူးတရားမြတ်တွေ ရပါစေ 🙏🏻အသက်ရာကျော်ရှည်ပါစေ🙏🏻မွေးနေ့မှာမေမေကို ကန်တော့ပါတယ် 🙏🏻..” ဆိုပြီး အမှတ်တရလေးကို ဝေမျှထား တာ ဖြစ်ပါတယ်..။
ပရိသတ်တွေကလည်း မိဘအပေါ်သိတတ်ရို သေပြီး သမီးအလိမ္မာလေးဖြစ်တဲ့ ရှင်ဖုန်းရဲ့ သိတတ်မှုလေ းတွေကို ကြည်နူးသဘောကျစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူ ချီးကျူးထားကြတာကိုလည်း တွေ့ရပါတယ်နော်..။
zawgyi
ပရိသတ်ကြီးရေ.. ဂီတေ လာကမှာတစ်ချိန်က ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်တွေထဲမှာ အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေ သီဆိုဖျော်ဖြေတတ်တာမို့ အားလုံးက ချစ်ခင်အားပေးကြတဲ့ ရှင်ဖုန်းပဲ ဖြစ်ပါတယ်နော်..။