;မိခင်ဖြစ်သူထံကနေ သူမအတွက် ချီးကျူးစွာ ရေးဖွဲ့ထားတဲ့ စာလေးကြောင့် ကြည်နူးမိတယ်ဆိုတဲ့ စိုးပြည့်သဇင်

Posted on

ငယ်ရွယ်တဲ့ အချိန်ကတည်းက အနုပညာလောကထဲသို့ ဝင်ရောက်လာတဲ့အောင်မြင်နေတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ စိုးပြည့်သဇင်ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီ ရွှေတံဆိပ်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားလျက်ရှိပါတယ်။သူမဟာဆိုရင် အေးဆေးတည်ငြိမ်စွာ နေတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ရှုတင်တွေ ရပ်နားနေချိန်မှာ မိသားစုကို အချိန်ပေးရင်း သာယာတဲ့ နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အလှမ်းမဝေးသွားအောင်လည်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ နိုဝင်ဘာ(၂၂)ရက်နေ့မှာတော့ စိုးပြည့်သဇင်က”ငယ်ငယ်ကသမီကြီးတော့ထီ”လ်ု့ဆိုပြီး မိခင်ဖြစ်သူ ရေးထားတဲ့ စာလေးကို ဖတ်ပြီး သူမက”မေမေဒီလိုရေးထားတာလေးမြင်တော့ကြည်နူးလိုက်တာ…ထီးလို့အသိအမှတ်ပြုခံရလို့…မီးမဖြစ်စေရပါဘူး….ထီးအဖြစ်အမြဲရှိမှာပါဖေဖေနဲ့မေမေ”လို့ဆိုပြီး စာလေးဖတ်ပြီး ကြည်နူးမိကြောင်းနဲ့ ငယ်ငယ်က အမှတ်တရလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ ချီးကျူးစကားလေးကြောင့် ပျော်ရွှင်မိနေတဲ့ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source…..Soe Pyae Thazin’s Facebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.