မဟုတ်မမှန်သတင်းထုတ်လွှင့်သူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ သတိပေးလိုက်တဲ့ ဆောင်းဟေကိုရဲ့ အေဂျင်စီ

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဆောင်းဟေကိုဟာ သူမရဲ့ နာမည်ဂုဏ်သတင်းကျဆင်းစေရန် ရည်ရွယ်ချက်နဲ့ မဟုတ်မမှန်တဲ့ ကောလဟာလသတင်းအမှားထုတ်လွှင့်သူတွေကို အရေးယူမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ UAA ကနေပြီးတော့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် ဆောင်းဟေကိုရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို စော်ကားထားတဲ့ ဒီလိုမျိုးသတင်းအမှားဖြန့်ဝေတဲ့သူတွေကို တရားစွဲဆိုဖို့အတွက်ကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့ မနေ့က Bundang ရဲစခန်းမှာ တရားဝင်တိုင်ကြားထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းဟေကိုဟာ ခင်ပွန်းဟောင်းဖြစ်သူ ဆောင်းဂျွန်ကီနဲ့ ကွာရှင်းတော့မယ်လို့ စတင်သတင်းထွက်ရှိတဲ့အချိန်ကတည်း များစွာသောကောလဟာလသတင်းတွေကို ရင်ဆိုင်ခဲ့ရသူပါ။ အခုနောက်ပိုင်း ဆောင်းဟေကိုနဲ့ ပတ်သတ်တဲ့သတင်းတွေတိုင်းမှာ ကွာရှင်းရတဲ့အကြောင်းအရင်းအမှားတွေကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဆောင်းဟေကိုဟာ ကွာရှင်းတဲ့သတင်းထွက်ပြီးနောက်တစ်နေ့ ဇွန်လ ၂၈ ရက်နေ့ကတည်းက သူမနဲ့ပတ်သတ်ပြီး မဟုတ်မမှန်တဲ့သတင်းထုတ်လွှင့်သူတွေကို အရေးယူဖို့အတွက် ရှေ့နေတွေငှားကာ တိတ်တဆိတ်ဆောင်ရွက်ခဲ့ပါတယ်။ တစ်လအကြာ သက်သေတွေကို စုစည်းပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ အခုလိုမျိုးတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆောင်းဟေကိုအနေနဲ့ အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေနဲ့ ဆိုးရွားလှတဲ့ဝေဖန်ချက်တွေကြောင့် စိတ်ထိခိုက်မှုတွေများစွာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တိုင်ကြားထားမှုနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုးသောညှိနှိုင်းဆောင်ရွက်မှုတွေကိုမှ လက်မခံပဲ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်လို့ ဆောင်းဟေကိုရဲ့ အေဂျင်စီက အသိပေးထာပါတယ်။

Ref : Koreaboo
Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.